ပြောရရင်
လူတွေက ရယ်ရတယ် ။ ကျွန်တော်တို့နိုင်ငံမှာ body shaming လုပ်တဲ့ ကိစ္စတို့ဆိုတာ ဟိုးငယ်ငယ်
သူငယ်တန်းစတတ်တည်းက ကြုံရတဲ့ ကိစ္စ ။ သူငယ်တန်းစတတ်ကာစက အတန်းပိုင်ဆရာမဆိုတာ ကလေးတွေကို
နံမည်ပြောင်ပေးတာ အရမ်းဝါသနာပါတယ် ။ ကျွန်တော့ကိုဆို ဆံပင်ကောက်တော့ ကြာဇံမ တဲ့ ၊ အရမ်းဝတဲ့ကလေးကိုဆို
ဆန်အိတ်ကြီး ဘာညာပေါ့ ။ အဲ့နံမည်ပြောင်က ဆယ်တန်းကျောင်းသူဘ၀ ထိ ပါလာတာပဲ ။ အဲ့တုန်းကဆို
မုန့်ဖိုးများရရင် ဆံပင်ဖြောင့်ဖို့ ပဲ အားသန်ခဲ့တာ ။ ငါဆံပင်ကောက်နေရင် တော်တော်ရုပ်ဆိုးလို့
ဆရာမက အဲ့လိုခေါ်တာဖြစ်မယ်ဆိုတဲ့ အတွေးတောင် တွေးဖူးတဲ့ အထိပဲ :3
ငယ်ငယ်တည်းက ပတ်ဝန်းကျင်ကလူတွေ အရမ်းဝရင် ၀က်မ အသားမည်းရင်
ကုလား ၊ နည်းနည်းနွဲ့တဲ့သူဆို အခြာက် ဘာဖြစ်တယ် ညာဖြစ်တယ် ။ စတာလား နှိမ်ချဆက်ဆံခံရတာလားဆိုတာ ခံရတဲ့သူက ကောင်းကောင်းပိုသိတာပေါ့
။ ဘယ်လိုပဲ ချစ်လို့ ခင်လို့ စတယ်လို့ ပြောပြာ ၊ စိတ်ထိခိုက်လွယ်တဲ့လူဆို Trauma ရဖို့
အရမ်းလွယ်တယ် ။
ခုလည်းကျ
Body shaming လုပ်ရင် ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုရော လူတွေက ဥပမာ သူတို့ အရမ်းဝလို့ ၊ အသားအရမ်းမဲလို့
စနောက်နေကြလူတစ်ယောက်ကို အပြင်မှာသာ abuse လုပ်ရင် လုပ်နေဦးမယ် ၊ social network ပေါ်မှာဆိုရင် ‘ နင့်ကို ၀တယ် ၊ မည်းတယ် လို့ပြောရင် body shaming လုပ်မှာစိုးလို့’
ဆိုတာတွေ ဖြစ်လာရော ။ တစ်သက်လုံး body shaming လုပ်လာပြီးမှ အံသြစရာ ။
ရေးလက်စနဲ့ဆက်ရေးပါဦးမယ်
။
လူတွေက သူတို့နဲ့
တခြားသူတစ်ယောက် အယူအဆ ၊ အကြိုက်တွေ မတူတဲ့ အခါ ဘာလို့များ အုံနဲ့ကျင်းနဲ့ ထိုးနှက်
တိုက်ခိုက် လှောင်ပြောင် နိုင်ကြပါသလဲ ။ အဲ့လိုလူတွေရဲ့ စိတ်အဆင့်အတန်းကို တွေးကြည့်လို့မရခဲ့ဘူး
။
ဆရာမဂျူးကိစ္စတုန်းကလည်းအဲ့လိုပဲ
။ ကိုယ်ကြည့်နေတယ် ။ ဂျူးဝထ္ထုဖတ်တဲ့သူဆို ဂျူးဖန် ဘာဖြစ်တယ်ညာဖြစ်တယ် နဲ့ မဖတ်သင့်တဲ့
စာအုပ်တစ်အုပ်ကို ဖတ်တဲ့ သူတစ်ယောက်လို သူ့စာအုပ်ဖတ်တဲ့ သူတွေကို ၀ိုင်း troll ကြတယ်
။ အဲ့ troll တဲ့လူတွေဆိုတာ ဂျူးစာအုပ် မပြောနဲ့ ဘာစာအုပ်မှ ဖတ်ဖူးတဲ့ လူတွေမဟုတ်ဘူး
။ ခက်တာက social network မှာ Trend ဖြစ်နေတဲ့အရာကို လိုက်လုပ်မှ လူရာဝင်မယ်ထင်နေတဲ့
attention seekers တွေကြီးပဲ ။
သူ့စာအုပ်တွေထဲမှာဆို
ဥပမာ ‘မရှိမဖြစ် မိုး’ တို့ဘာတို့ ဖတ်ပြီး မြန်မာပြည်မှာ တစ်နေရာတည်းကပဲ စပီရုးလိုင်းနားထွက်တဲ့
တွင်းတောင်တို့ဘာတို့ကို သွားလေ့လာချင်ခဲ့တာ ။ တိမ်နဲ့ချည်တဲ့ကြိုး ဖတ်ဖူးတဲ့ သူတိုင်းရဲ့
အိမ်မက်က ချင်းပြည်သွားချင်တာ ။ အဲ့လောက်ထိပေါ်လွင်အောင်ဆွဲဆောင်ပြီးရေးနိုင်တဲ့ စာရေးဆရာမ
ပါ ။ အချစ်ဝထ္ထုလို့ပြောရင်ရပေမဲ့လည်း တခြားအချစ်ဝထ္ထုရေးတဲ့သူတွေထက်စာရင် အပုံကြီးသာတယ်
။ တခါမှ မဖတ်ဖူးပဲ ဘေးထိုင်ဟားတိုက်နေကြတာတော့ အသည်းနာတယ် ။
နောက် ဟိုနေ့ကလုပ်သွားတဲ့
show ပွဲကိစ္စ ။ ကိုယ့် အကောင့်ထဲကလူတွေက အစ ဟားတိုက်ရယ်မောနေကြတာတွေ့တယ် ။ လှောင်တာပြောင်တာ
ဟိုးရှေးေ၇ှးတည်းက လုပ်နေကြ ကိစ္စမို့ ထားပါ ။ အံသြလောက်အောင် မိုက်ရိုင်းတဲ့
caption တွေ နဲ့ share ကြတာတွေ့တော့ အဲ့လူတွေရဲ့ စိတ်အဆင့်အတန်းကို လက်ဖျားခါမိတယ်
။ ပြီးတော့ အဲ့လူတွေကလေ body shaming မလုပ်ရဘူးဆိုတဲ့ ပို့စ်တွေ share နေကြတဲ့သူတွေ ၊ သူ ဘယ်လောက် တော်ကြောင်း တတ်ကြောင်း
ပြောဆိုနေကြ လူတွေကြီးပဲ ။ ကဲ ဘယ်လောက် အံသြဖွယ်ကောင်းတဲ့ လူအဖွဲ့အစည်းပါလိမ့် :3
အဲ့လိုပြောလို့
ကိုယ့်က ဘယ်သူ Fan မှ မဟုတ်ဘူး ။ တက္ကသိုလ်ကျောင်းသူဘ၀မှာ ကြိုက်ခဲ့ပေမဲ့ ခု အသက်ပဲ
၂၃ ရှိနေပီ ၊ တစ်စုံတစ်ယောက်ကို စွဲလမ်းတတ်တဲ့ကလေးအရွယ်လည်း မဟုတ်တော့ဘူး။ တကယ်လည်း
ဘာသီချင်းကိုမှ မသိတော့ပါဘူး ။ ပြီးတော့ ဒါ ဘယ်သူ့ကိုမှ စောင်းပြီးပြောတာမဟုတ်ဘူး ။
ကိုယ့်ပြောတယ်ထင်ရင် Un သွားပေါ့နော် ။ ဒါတော့ ကျွန်တော်လည်း မတတ်နိုင်ဘူး ။
တချက်လောက်
ကိုယ့် ငယ်ဘ၀ကို ပြန်စဉ်းစားကြည့်ရအောင် ။ ကျွန်တော် ၇တန်း ၈တန်းမှာ အကြိုက်ဆုံးက
westlife ပဲ ။ ၉ တန်းလောက်မှာလား မသိဘူး ၊ သူတို့အဖွဲ့ disband ဖြစ်တော့ စိတ်မကောင်းဖြစ်လိုက်ရတာ
။ စိတ်မကောင်းဖြစ်တာထက်တောင် ပိုသေးတယ် ။ ကျွန်တော့ အကြိုက်ဆုံး member , Bryan ထွက်သွားတာကိုး…..။
ပြီးတော့ အဲ့အချိန်တုန်းကများ Liikin Park များ လာရင် ကိုယ်တွေလည်း လေဆိပ်သွားစောင့်ကြိုနေမလား
မပြောနိုင်ဘူး မဟုတ်လား ။ ငိုရင်လည်း ငိုမှာပေါ့ အဲ့ဒါ ကျွန်တော့ right ပဲလေ ။ ကျွန်တော့်အမေဆိုလည်း
ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံး မြင်ဖူးတုန်းက ၀မ်းသာလွန်းလို့ မျက်ရည်ကျမိတယ်ပြောတယ်
။ ယှဉ်ပြောတာ မဟုတ်ပါဘူး ။ လူတစ်ယောက် ဟာ တွေ့ဆုံဖို့ခက်ခဲတဲ့ သူ လေးစား ၊ အားကျ ၊
ချစ်ခင် နှစ်သက်တဲ့ သူကို မြင်ရင် အလိုလိုဖြစ်တတ်တဲ့ ခန္တာကိုယ်ရဲ့ တုံ့ပြန်မှုပဲလေ ။အဲ့ဒါကိုများ
ဘာလို့ ခင်ဗျားတို့က အဲ့ဒီ ပို့စ်တွေ ကိုယ်ချင်းမစာမနာ share ပြီး ရယ်ပွဲဖွဲ့နိုင်ကြပါလိမ့်
။
ငယ်ငယ်က Chelsea
ကနေ မော်ရင်ဟို ထွက်တော့ ၀မ်းနည်းလိုက်ရတာ ။ ဘာလို့လဲသိလား အဲ့အချိန်မှာ ကျွန်တော်
မှတ်ယူထားတဲ့ ကျွန်တော့ ကမ္ဘာက အဲ့ဒါပဲ ။ အဲ့ဒီ
၁၄ ၊ ၁၅ အရွယ် ကလေးတစ်ယောက်က ဘယ်လောက်ထိ သိနိုင်မှာမို့လို့လဲ ။ တဖြေးဖြေး နဲ့ အသက်တွေကြီးလာ တက္ကသိုလ်တတ် ၊ အလုပ်လုပ်ရင်း ဖြစ်သင့်တာတွေ မဖြစ်သင့်တာတွေကို ရွေးချယ် သင်ယူကြတာပဲ
မဟုတ်ဘူးလား ။ ခင်ဗျားတို့ရော အဲ့လို တစ်ဆင့်ပြီး တစ်ဆင့် တတ်လာတာမဟုတ်ဘူးလား ။
ခု exo ကို
အသည်းအသန်ဖြစ်နေကြတဲ့ ကလေးတွေကိုလာကြည့် အလွန်ဆုံး၇ှိလှ ၁၉ ၊ ၂၀ ၀န်းကျင် ။ အဲ့နေ့
က complimentary ticket ရလို့ အဲ့ ပွဲ ကိုယ်ရောက်သွားတော့ ၁၄ ၊ ၁၅ ပတ်လည်လေးတွေ လာကြတာများတယ်
။ ခင်ဗျားတို့ SS လုပ်ပီး ‘EXO ကို ထိ၇င် xx လာချ’ ဆိုတဲ့ trend တခုကို ခုတုံးလုပ်နေတဲ့
attention seekers တွေမဟုတ်ဘူး ။ ပြီးတော့
ပို့စ် တစ်ခုကို မ share ခင် နည်းနည်းပါးပါးလည်း အဲ့ဒီ သတင်း က အတုလား အစစ်လား ဆိုတာ
သတိပြုကြပါဗျာ ငယ်တော့တာလည်း မဟုတ် :3
တခါတလေဆို
ဘယ်သူက ဘယ်သူနဲ့ ဖောက်ပြန်လို့ဆိုတာတွေ ၊ rape case တွေ share ကျတယ် ။ တချို့ဆို
FBI က စုံထောက်တွေ အလား ၊ ဟိုး…မိသားစု ကိစ္စထိ နှိုက်နှိုက်ချွတ် ရှာကြ ၊ ဖွေကြ ၊ ရေးကြ
။ share ကြ ။
သူတို့ အဲ့လိုလုပ်တာ
မသင့်တော်ဘူးဆိုတာကို ဥပမာ celeb တစ်ယောက် (ဒါမှဟုတ်) influence person တစ်ယောက် က
ထောက်ပြတယ်ဆိုပါစို့ ။ အဲ့ ထောက်ပြတဲ့ ပို့စ်ကို ပြန် share ပြီး ဒါမလုပ်သင့်ပါဘူး
အော်ကြ ။ share ကြ ။ အမျိုးမျိုးတွေနော် ။ ခင်ဗျားတို့ ဟာ သပွတ်အူ ကို လိုက်နေတာပဲ ။ မျက်စိထဲ ကန့်လန့်ဖြစ်နေတာ ကြာပြီ
၊ ခုမှ အားလို့ ရေးရတယ် :3
♥ M ♥
8.5.2017
© hsudiary.blogspot.com. All Rights Reserved.
© hsudiary.blogspot.com. All Rights Reserved.