Saturday, December 31, 2016

ရယ်မောခြင်းပေါင်းချုပ် - မင်းလူ


ဒီစာအုပ်ကိုတော့ သိပ်ညွှန်းပေးစရာမလိုဘူးထင်၊ ကျွန်တော်တို့ ငယ်ငယ်က သိပ်ကြိုက်ခဲ့ရတဲ့ ဆရာမင်းလူရဲ့ နံမည်ကျော်ဇာတ်ကောင် လှထုံ ၊ ကျော်ကွန့်၊ ဓာတ်ခဲ ၊ မောင်ဝ ၊ ကိုကြီးငွေ ၊ စာကလေးတို့ စတဲ့ ဇာတ်ကောင်တွေ ပါဝင်တဲ့ ၀ထ္ထုစာအုပ်တွေကို စုစည်းပြီး ရယ်မောခြင်းပေါင်းချုပ် ဆိုပြီးထွက်လာတာပါ။ ဓာတ်ခဲဆို ရုပ်ရှင်ပြန်ရိုက်ရသည် အထိ ၀က်ဝက်ကွဲအောင်မြင်တဲ့ ဇာတ်ကောင် တစ်ခုပေါ့နော် ။ 

ရယ်စရာ မောစရာ၊ ရယ်မောခြင်းလက်ရွေးစင်၊ ခိုးခိုးခစ်ခစ် စာအုပ်သုံးအုပ်ကို စုစည်းထားတဲ့ စာအုပ်အထူကြီးဖြစ်ပါတယ်။ ဒီစာအုပ်ကို ငါတို့ စာပေက ဖြန့်ချီထားပါတယ် ။
ရောင်းဈေးက ၉၅၀၀ ပါ ။ ဈေးကြီးတယ်လို့ မထင်လိုက်ပါနဲ့ ဖတ်ပြီးရင် ၀ယ်သိမ်းထားတာ မှန်ကြောင်းသိမှာပါ ။ 

အောက်မှာ ငါတို့စာပေကတင်ထားတဲ့ ဒါရိုက်တာ ဥက္ကာဖန်တီးထားတဲ့ Video လေးပါတွဲတင်ပေးလိုက်ပါတယ်။ 
ဆရာမင်းလူ အလွမ်းပြေနိုင်ကြပါစေ ။  

https://www.facebook.com/ndspbooks/videos/vb.1398112357133693/1793761814235410/?type=2&theater

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

No comments:

Post a Comment