Thursday, November 17, 2016

လွင့်နေတဲ့ တိမ်တွေဟာ မင်းပဲဆိုပါစို့ - မြတ်၊ ယွန်းခက်မိုး


 
(၁) "နေကောင်းတယ်မဟုတ်လား ။ ရုတ်တရက်ကြီး လူချင်းဝေးသွားတော့ ပြောစရာစကားတွေကျန်၊ လုပ်ပေးစရာတွေကျန်၊ တောင်းဆိုချင်တာတွေကျန်၊ အားလုံးက လှိုက်ခနဲဟာပြီး ပြတ်ထွက်သွားကြတယ်"
(၁)"ဘဝမှာ ဆုံးရှုံးစရာတွေဟာ တစ်ခါထက် အမြဲပိုတတ်ပြီး ဆုံးရှုံးမှုတိုင်းဟာ မင်းဖြစ်တယ်။ ဟိုတုန်းက အတိတ်တွေဟာ မင်းနဲ့ငါဖြစ်ပြီး ပစ္စုပ္ပန်ဟာ ငါတစ်ယောက်တည်းဖြစ်တဲ့အခါ ကျန်းမာရေးကို မင်းဂရုစိုက်ပါ။ ညနက်နက်ထိ စာမဖတ်ပါနဲ့။"

(၂)"စိတ်ပူတာတွေကတော့ မဆုံးနိုင်၊ ကိုယ်ရောစိတ်ပါ နွေးထွေးပါစေ။ စိတ်ထဲမှာ ပြောချင်နေပြီး တကယ်ပြောမယ်ဆိုရင် မထွက်တော့တဲ့ စကားအားလုံးကို ဒီစာနဲ့အတူ ထည့်ပေးလိုက်ပါတယ်"
(၂)"ခုဆို မင်းလာလာနေကျ တိုက်ခန်းနံပါတ် (၁၅)မှာ ကိုယ်မနေတော့ဘူး။ မင်းနဲ့ အသက်ကြီးတဲ့အခါ နေချင်တယ်လို့ပြောတဲ့ တောင်ပေါ်မြို့လေးတစ်မြို့က အေးစက်မိုးတွေအောက်မှာ ပြန့်ကြဲနေတဲ့ အဖြူအမည်းမှတ်ဥာဏ်အကွဲစတွေကို ပြန်လည် ကောက်ယူသိမ်းဆည်းရင်း၊ အဝေးရောက်အပြုံးတွေကို ငေးကြည့်ရင်း.. .။
ဒါနဲ့ ရန်ကုန်မိုးရဲ့အောက်မှာ မင်းကို ကိုယ် ထီးလုံလုံခြုံခြုံ ဆောင်းစေချင်တယ်။"

(၃) "ဆံပင်တွေ ညှပ်ညှပ်မပစ်ဘဲ အရှည်ထားပါ။
        လက်သည်းတွေ အရှည်မထားဘဲ ညှပ်ညှပ်ပစ်ပါ။"
(၃) "ကားလမ်းကူးရင် ဂရုစိုက်ပါ။
         အိပ်ဆေးတွေ သိပ်မသောက်ပါနဲ့။"

(၄)"ငါ စာရင်းလုပ်ပေးထားတဲ့အတိုင်း ဆေးတွေဝယ်သောက်ပါ။ အဲ့ဒီစာရင်းတွေဟာလည်း တွေးလိုက်တိုင်း ပိုတိုးလာတယ်။ လူကြုံရှိရင် ထည့်ပေးလိုက်ပါဦးမယ်။ ငါ မျက်မှန် အသစ်လုပ်လိုက်တဲ့အကြောင်း မပြောရသေးဘူး။ အဲ့ဒီမျက်မှန် နင့်ကိုပေးတပ်လိုက်ရင် လှမှာပဲလို့ မတွေးမိအောင် ကြိုးစားနေတယ်။ ဘုရားရောက်ဖြစ်ရင်တော့ အရင်လိုပဲ ငါ့မွေးနေ့မဟုတ်တဲ့ အဂါင်္ထောင့်မှာ ခပ်သုတ်သုတ်ရှိခိုးပြီး ထပြန်ခဲ့မယ်။"
(၄) "ဆုတောင်းတွေကို ကိုယ် အယုံအကြည်မရှိဘူး။ ဒါပေမဲ့ တောင်းတဲ့ဆုတိုင်း ပြည့်မယ်ဆိုရင် ကိုယ်ဟာ မင်းအတွက် ဘဝအဆက်ဆက် ပျော်ရွှင်ခြင်းလက်ဆောင်လေးဖြစ်ချင်တယ်။"

(၅)"သီချင်းတွေဆိုပြတုံးက နင်ဆိုခိုင်းဖူးတဲ့ "နောက်ဆုံးအချစ်သီချင်း"ကို မဆိုပြလို့ ဝေးတာလားလို့ တွေးမိတယ်။ ပြီးတော့မှ မဆိုင်ပါဘူးလေလို့ပဲ ကိုယ့်ဘာသာပြန်ဖြေလိုက်တယ်။"
(၅) "ဂစ်တာတစ်လုံး ကိုယ်ဝယ်ထားတယ်ကွ၊ ဒီနှစ်နွေရာသီလောက်တော့ စတီးဖြစ်မယ်ထင်တယ်၊ သီချင်းကတော့ "ဝေးသွားလည်း"ပေါ့" 

(၆)"ကံတရားက အမြဲကြီးတော့လည်း မဆိုးလှပါဘူး။ လွန်ခဲ့တဲ့သုံးနှစ်က နင်ပထမဆုံးနမ်းခဲ့တဲ့ ညာဘက်ပါးမှာ မှဲ့ကလေး ပေါက်လာတာမျိုးလောက်တော့ ငါ့ကို ငဲ့ညာရှာပါသေးတယ်။
(၆) "သုံးနှစ်စာ အမှတ်တရတွေဟာ လျော့ရဲနေတဲ့ လက်ဖဝါးတွေနဲ့ ဆုပ်ကိုင်ထားဖို့ သိပ်ကို နူးညံ့လွန်းပါတယ်။ မင်းမသိမဲ့ သတိရစိတ်တွေဟာ နှင်းဖွဲတွေကြား တိုးဝင်၊ နွေဦးရာသီကို ဖြတ်ပြီး မိုးစက်တွေဆီ မရပ်မနားပြေးနေတော့တာပဲ"

(၇)"တစ်ခါတလေကျ နင်နဲ့ငါ အတိတ်မေ့သွားပြီး  သူစိမ်းတွေလို ပြန်တွေ့ချင်တယ်လို့ တွေးမိတယ်။"
(၇)"မင်းသိလား၊ ချစ်ခြင်းမေတ္တာဆိုတာ မင်းကိုပဲ သေရာပါသွားတာမျိုး။"

(၈) "စာဆိုတာ ဘယ်လိုအဆုံးသတ်ရမလဲ ငါမသိဘူး။ ငါတို့နှစ်ယောက် ဘဝကို ဘယ်လိုအဆုံးသတ်ရမှန်း မသိခဲ့သလိုမျိုး။"
(၈) "အမှတ်တမဲ့တွေဟာ ရုတ်တရက်ကြီး အမှတ်တရဖြစ်လာပြီး လျှောက်ခဲ့ဖူးတဲ့လမ်းတွေနဲ့
ငေးခဲ့ဖူးတဲ့ မြင်ကွင်းတွေဟာလည်း လွမ်းစရာလို့ ထင်လာရတဲ့အခါ၊ သတိရညနေခင်းတွေမှာ မင်းဆီကို ကိုယ်ပြေးလာချင်တယ်၊ အဆုံးသတ်မရှိမဲ့ အကွာအဝေးတွေကို မေ့ရင်း...."

-မြတ်၊ ယွန်းခက်မိုး-

9.08.2016
14.08.2016

 ♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

Saturday, November 5, 2016

NooDi ကြက်သားပေါင်းကော်ရည်ခေါက်ဆွဲ





ကိုယ်လို ကော်ရည်ခေါက်ဆွဲကို စွဲစွဲလန်းလန်းမစားတတ်သူတောင် NooDi နဲ့တွေ့မှ တမ်းတမ်းစွဲနေပီ ။ ဟိုတပတ်က NooDi ကိုမှာစားတယ် ၊ ဒီနေ့ ငယ်ငယ်တည်းက စားနေကျ လျှာကျွန်းပြန်ကော်ရည်သွားစားတာ NooDi လို လျှာဖျားမှာ စွဲပြီး ထိထိမိမိ မရှိလှတော့ဘူး ။ 

ကော်ရည်ခေါက်ဆွဲ ဆို အသားများများ ကော်ရည်ချိုချို  ကောင်းကောင်း နဲ့မှ ကြိုက်တဲ့ ကော်ရည်ခေါက်ဆွဲ သရဲ တွေအတွက် NooDi ကော်ရည်ခေါက်ဆွဲ အကြောင်းမျှဝေပေးချင်တယ် ။

Noodi က အသားကလည်းများများ ၊ မှိုတွေလည်းများများ ၊ ကြွက်နားရွက်များများ ၊ ပဲပင်ပေါက် နဲ့ မှိုခြောက် ပန်းခြောက် ကလည်း ခပ်များများ ၊ အကုန်များများ ထည့်ပေးတာ ၊ NooDi က MSG (အချိုမှုန့်) လည်း မသုံး ၊ ဆီ လည်း လုံးဝ မပါဘူး ။ အဲ့တော့ ကိုယ်ကလည်း စပ်စပ်စုစု အဲ့ဒါတွေ မထည့်ပဲ ဘာလို့ စားရတာ အချို လေး သလဲပေါ့ ၊ အဲ့တော့မှ ကော်ရည်ခေါက်ဆွဲမှာ NooDi ရယ်လို့ ဖြစ်လာတဲ့ အားသာချက်ကို သိတော့တယ် ။ NooDi ကို သဘာဝ အချိုဓာတ် ၊ အသားဓာတ်ရအောင် ကြက်သားကို ပေါင်းထားတဲ့ အရည်ရယ် ၊ အရိုးကိုကြိတ်ပြီးထွက်လာတဲ့ ချဉ်ဆီနဲ့ အချိုရည် ရအောင် လုပ်ထားတာပါတဲ့ ။ 



အစာပလာတွေ က လည်း အများကြီးရယ်...
ကန်စွန်းရွက် ၊ ကြွက်နားရွက် ၊ မှိုပွင့်အကြီးကြီးတွေ၊ အသားမျှင်တွေလည်းအများကြီးပါတယ် ။ ကြိုက်တာက ပဲပင်ပေါက် ၊ ကန်စွန်းရွက် နဲ့ ကြွက်နားရွက်တွေကို ပျော့အိမနေပဲ ခပ်ဆပ်ဆပ်လေး ဝါးလို့ရအောင် အနေတော်လေး လုပ်ထားတာပဲ ။ ပြီးတော့ ကြက်သွန်ကြော် မွှေးမွှေးလေးထည့် ၊  ငပိထောင်းက အရမ်းလည်း မစပ်  အနေတော်လေးဆိုတော့ ...ရှယ်ပဲ 




ထုတ်ပိုးတဲ့ပုံစံကိုလည်းကြည့် သပ်သပ်ရပ်ရပ် ၊ ကြက်သွန်ကြော် မကြိုက်တတ်သူတွေရှိရင် ဖယ်စားလို့ရအောင် အိတ်သပ်သပ်နဲ့ ထုတ်ထားပေးသေးတယ် ။
 
လာပို့တာကလည်း အချိန်လည်းမှန် ၊ မြန်လည်းမြန်တယ် ၊ ကိုယ်မှာတော့ နေ့လည် (၁၂)နာရီ ၊ (၁:၃၀) လောက်အရောက် ပို့ပေးပါလား မမ ဆိုတော့ ရတယ်တဲ့ ကွက်တိပဲ လာပို့ပေးသွားတယ် ။
(ကိုယ် နဲ့ နီးလည်းနီးတော့) ပူပူနွေးနွေးလေးလည်း စားရတယ် ဂွတ်ရှယ် ။ 

တစ်ပွဲကို ၁၈၀၀ ပါ အများကြီး ပါပါတယ် ၊ မှာချင်ရင် 09 450011994  ကို ဆက်သွယ်ပြီး မှာယူနိုင်ပါတယ် လို့ ကော်ရည်ခေါက်ဆွဲ ချစ်သူတွေအတွက် လက်တို့လိုက်ရပါတယ် ။  

 ♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

Tuesday, November 1, 2016

တေမိမိုး - မောင်လှမျိုး (ချင်းချောင်းခြံ)

ငိုလို့မရတဲ့ လူတစ်​​ယောက်​ရဲ့
ရင်​ထဲမှာ ဝမ်းနည်းစရာ​တွေ
ကုန်​ခမ်းသွားပြီ လို့
မင်း ထင်​ရက်​သလား ။

ငါသာ ​ကောင်းကင်​ကြီးတစ်​ခုဖြစ်​ခဲ့ရင်
မိုး​ရေစက်​​တွေ..ရွာချလိုက်​ချင်​ပါရဲ့..
ကြည့်​စမ်းပါဦး
မင်းကိုဆုံးရှုံးရ​တော့မယ်​..ဆိုတဲ့
အသိစိတ်​က.ရင်​မချိ​အောင်​..ခံစားလိုက်​ရပုံများ
ဘာစကားမှ..​ပြောမထွက်​​တော့ဘူး..​လေ
သစ်​ရွက်​ တစ်​ရွက်​ ဖြစ်​ခဲ့ရင်
ငါ​ ကြွေပြလိုက်​ချင်​တယ်​ ။
အိပ်​မက်​ထဲမှာ​ ​တွေ့ဖို့မဆိုထားနဲ့..
အိပ်​​ပျော်​​အောင်​ မနည်းကြိုးစား​နေရတဲ့ ..
ငါ့ရဲ့ည​တွေ မင်းကခုန်​ဖို့အတွက်​..
အမြဲ နိုးထ​နေပါတယ်​ ။
မင်းကို နှုတ်​ဆက်​လက်​ပြဖို့အတွက်​..
ငါရဲ့လက်​​တွေ..​လေးလံ​နေသလို..
မင်းရဲ့ ​ကျောပြင်​​လေးကို ​ငေးကြည့်​ကျန်​ရစ်​ဖို့အတွက်
ငါ့မျက်​လုံး​တွေ..​ဝေဝါး​နေခဲ့ပြီ ။
အဲဒါ..မျက်​ရည်​​တွေလား...
ဘာမှမ​ပြောဘဲ ခံစား​နေရတာခြင်းအတူတူ..
ကောင်းကင်​ကြီးကမှ
လွတ်​လပ်​စွာ ရွာချခွင့်​ရပါ​သေးရဲ့ ။ ။

မောင်လှမျိုး (ချင်းချောင်းခြံ) 

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.