Tuesday, November 1, 2016

တေမိမိုး - မောင်လှမျိုး (ချင်းချောင်းခြံ)

ငိုလို့မရတဲ့ လူတစ်​​ယောက်​ရဲ့
ရင်​ထဲမှာ ဝမ်းနည်းစရာ​တွေ
ကုန်​ခမ်းသွားပြီ လို့
မင်း ထင်​ရက်​သလား ။

ငါသာ ​ကောင်းကင်​ကြီးတစ်​ခုဖြစ်​ခဲ့ရင်
မိုး​ရေစက်​​တွေ..ရွာချလိုက်​ချင်​ပါရဲ့..
ကြည့်​စမ်းပါဦး
မင်းကိုဆုံးရှုံးရ​တော့မယ်​..ဆိုတဲ့
အသိစိတ်​က.ရင်​မချိ​အောင်​..ခံစားလိုက်​ရပုံများ
ဘာစကားမှ..​ပြောမထွက်​​တော့ဘူး..​လေ
သစ်​ရွက်​ တစ်​ရွက်​ ဖြစ်​ခဲ့ရင်
ငါ​ ကြွေပြလိုက်​ချင်​တယ်​ ။
အိပ်​မက်​ထဲမှာ​ ​တွေ့ဖို့မဆိုထားနဲ့..
အိပ်​​ပျော်​​အောင်​ မနည်းကြိုးစား​နေရတဲ့ ..
ငါ့ရဲ့ည​တွေ မင်းကခုန်​ဖို့အတွက်​..
အမြဲ နိုးထ​နေပါတယ်​ ။
မင်းကို နှုတ်​ဆက်​လက်​ပြဖို့အတွက်​..
ငါရဲ့လက်​​တွေ..​လေးလံ​နေသလို..
မင်းရဲ့ ​ကျောပြင်​​လေးကို ​ငေးကြည့်​ကျန်​ရစ်​ဖို့အတွက်
ငါ့မျက်​လုံး​တွေ..​ဝေဝါး​နေခဲ့ပြီ ။
အဲဒါ..မျက်​ရည်​​တွေလား...
ဘာမှမ​ပြောဘဲ ခံစား​နေရတာခြင်းအတူတူ..
ကောင်းကင်​ကြီးကမှ
လွတ်​လပ်​စွာ ရွာချခွင့်​ရပါ​သေးရဲ့ ။ ။

မောင်လှမျိုး (ချင်းချောင်းခြံ) 

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

No comments:

Post a Comment