Monday, October 31, 2016

မင်းခိုက်စိုးစံ

ရှင်ကွဲ ကွဲခဲ့ပုံကတော့
သူလို ငါလို  ပါပဲ
ကြယ်တွေကလဲ  တိတ်တိတ်ကလေးပဲ  လင်းတယ်
သံယောဇဉ်ဆိုတာ သကြားလုံးတစ်မျိုးပဲ မဟုတ်လား
အချို သိပ်ကြိုက်တဲ့ သူဟာ
တစ်နေ့နေ့မှာ သွားပိုးစားခံရမှာ သေချာတယ်
အဲ့ဒီအခါ  မငိုပါနဲ့
မျက်ရည်ဆိုတာဟာလည်း ပုံတိုပတ်စ တစ်ခုပဲလေ
ကိုယ့်ကိုယ်ကို
လမ်းကြိုလမ်းကြား သေးသေးလေးဖြစ်အောင်ဖန်ဆင်း
ဘယ်သူမှမသိတဲ့ မြို့တစ်မြို့မှာ
ကျောခင်းပြီး လှဲနေလိုက်ပါ
ပိုးလောက်လန်းတွေကို စစ်နေရမှာနဲ့စာရင်
အချစ်ကို သွန်ပစ်လိုက်ရတာက ကောင်းတယ်

မင်းခိုက်စိုးစံ

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

No comments:

Post a Comment