Sunday, January 1, 2017

နူးညံ့စိတ်ထား နှလုံးသား - သင့်လူ



ဒီစာအုပ်က နားစွင့်ကြားဟန် ရင်ခုန်သံရဲ့ နောက်ဆက်တွဲ စာအုပ် ၊ မူရင်းစာရေးသူက နားစွင့်ကြားဟန် ရင်ခုန်သံကနေ စတင်ခဲ့တဲ့ နူးညံ့တဲ့ချစ်ခြင်းမေတ္တာကို နူးညံ့စိတ်ထား နှလုံးသားအထိသယ်ဆောင်လာခဲ့…။ 

စာအုပ်ရဲ့ အစပိုင်းတွေမှာ realistic သိပ်မဖြစ်လှဘူး လို့ ခံစားရပေမဲ့ ဇာတ်လမ်းက ကိုယ့်ကို သယ်ဆောင်သွားခဲ့တယ် ။ ကိုယ့် စိတ်ထင် ရှေးက ကိုယ်တို့ ဗမာလူမျိုးတွေရဲ့ ယုံကြည်မှုတွေကို မူရင်းစာရေးသူက တစိတ်တပိုင်းဖော်ပြချင်ခဲ့ဟန်တူပါတယ် ။ 

ဂျူလီယာဝင်း တစ်ယောက် မြန်မာပြည်က ပြန်သွားအပြီး ဆယ်နှစ်အကြာမှ အကြောင်းကိစ္စတွေကြောင့် မြန်မာပြည် ကလောမြို့ကို ပြန်ေ၇ာက်လာခဲ့ရတယ် ။ နယူးယောက်မှာ စတင်ပြီး ကြားရတဲ့ အသံရှင်နောက်ကို လိုက်ရင်းနဲ့ အချစ်တစ်ခုကို ရှာဖွေ့တွေရှိခဲ့တယ် ပေါ့ ။ တချို့နေရာတွေမှာ realistic မဖြစ်ဘူးတွေးမိပေမဲ့ ၊ ဥပမာ အသံရှင် က မြန်မာပြည်ကဖြစ်ပြီး ၊ ဂျူလီယာဝင်းက မြန်မာစကားမတတ်သူတစ်ယောက်ဖြစ်နေတော့ သူ ဘယ်လိုများ အသံရှင်ရဲ့ စကားတွေ နားလည်သလဲပေါ့နော် ။ ဒါပေမဲ့လည်း ကိုယ့်ကို အဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့ စာအုပ်တစ်အုပ်မို့ ဖတ်ညွှန်းရေးပေးလိုက်ရပါတယ် ။ 

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

1 comment: