Tuesday, January 3, 2017

ကမ္ဘာတစ်ခုစာ တစ်ကိုယ်ရည်မိုးမိ - ပြည့်စုံဝင်း

နောက်တစ်ခါ ဒီအကြောင်းကဗျာရေးမိရင်
ကိုယ့်လက်ကိုယ်ဖြတ်မယ်
နောက်တစ်ခါ ဒီဂြိုလ်ပေါ်ခြေထပ်ချမိရင်
ကိုယ့်ခြေထောက်ကိုယ်ချိုးပစ်မယ်
ဒီအတွေးနဲ့ အမြဲအိပ်ရာဝင်ခဲ့... ငါက
ဒီလို နာနာကျည်းကျည်းတွေးခဲ့... ငါက ကိုယ့်ကိုကိုယ်အထင်ကြီးခဲ့... ငါက
နိုးလဲလာရော
မက်ဆေ့ခ်ျတစ်စောင်နဲ့တင်
ငါတည်ထားသမျှ ငါပဲပြန်ဖြိုလိုက်ရ
မိုးရွာတယ် ထီးဆောင်းပါ ကျန်းမာရေးဂရုစိုက်ပါ
တစ်သက်လုံးမကျွတ်နိုင်တဲ့ ဝဋ်မိုးပေါက်တွေထဲ
ငါပေရပ်တယ်
ဘယ်လိုပဲဖြစ်ဖြစ်
မိုးတိတ်ရင် ငါ့ဆီဖုန်းဆက်ပါ
စိတ်လွတ်လက်လွတ် ငိုရဲတဲ့နေ့
ငါ့ဆီအကြောင်းကြားပါ
သီးသန့်ကဗျာတစ်ပုဒ်ပေးဖတ်ဖို့ရှိတယ်။ ။

No comments:

Post a Comment