လွမ်းပါလေရစ်
သည်သောင်ငွေဦးက ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် ရဲ့ Best seller တွေထဲကတစ်အုပ် ၊
ရှေ့ဆုံးစာမျက်နှာကစပြီး
ဆရာကြီးရဲ့ စကားလုံးရေးခြယ်မှုတွေက ကျွန်တော့ကိုဆွဲဆောင်နိုင်ခဲ့ပါတယ် ။
ဝထ္ထုရဲ့အစကို
အစ်ကို ကနေ ညီငယ်လေးဆီ ရေးလိုက်တဲ့ စာ နဲ့ ဇာတ်လမ်းကို အစပြုထားတာပါ ။
“မျှော်လင့်ချက်ဆိုတာတွေလေ
… ကိုကို က ဘာမ် မေမ်ွာ္လင့္ခဲ့ဖူးပါဘူး။ ဘ၀ဆိုတာကို စကတည်းက အနှုတ်လက္ခဏာနဲ့စခဲ့ရတယ်
။ ဒီတခါပဲ မျှော်လင့်ခဲ့ဖူးတယ် ။ မျှော်လင့်ချက်ဆိုတာ အမှန်က ပိတ်နေတဲ့မျက်လုံးမျိုးပါ
၊ သူ့ဘာသာသူ ဘယ်တော့မှမပွင့်ဘူး …။ ရောင်ခြည်လေး
သမ်းပြမှ
ဖွင့်မိရတာမျိုး…။’’
ဖွင့်မိရတာမျိုး…။’’
“ ကိုကိုသာ
မှားပါတယ် ညီလေးငယ် … ကိုကိုသာမှားပါတယ် ။ အမှောင်ကို ကိုကို မကြာက်ပါဘူး ။ လူတိုင်းဟာ
အမှောင်ထဲကလာကြတယ် ။ ပြီးတော့ အမှောင်ကို ပြန်သွားရတယ် ။ ဘာလို့ကြောက်မလဲ ညီလေးငယ်….’’
အစ်ကို့ရဲ့
ပဟေဌိဆန်တဲ့စာကို မနေ့ကရပြီး ၊ ဒီနေ့မှာတော့ ဒေါ်လေးဆီက ‘…ထွန်းနောင် ကွယ်လွန် ၊ အငယ်
အမြန်ဆုံးပြန်လာ …’ ဆိုတဲ့ သံကြိုးစာကို လက်ခံရတဲ့ အငယ့်ရဲ့ တုန်လှုပ်မှုတွေကို ဆရာကြီးရဲ့
စကားလုံးစီးဆင်းမှုတွေက ခံစားသိရှိနိုင်ပါတယ် ။
အဓိက ဇာတ်လမ်းကို
တည်ထားတဲ့ မြို့ကတောင်ကြီးမြို့ပါ ၊ ဆရာက ရှမ်းပြည်မှာပဲ သီးတတ်တဲ့ ငါးဥသီး (ခ) ဘွတ်ခ်ျဘယ်ရီသီး
အကြောင်း နဲ့အတူ တောင်ကြီးရဲ့ အလှအပကို ချစ်စရာရေးဖွဲ့ထားပါသေးတယ် ။
အစ်ကို ထွန်းနောင်ရဲ့
သေဆုံးမှုက မိန်းမတစ်ယောက်ကြောင့်လို ထင်တဲ့ အငယ်က အဲ့ဒီအမျိုးသမီးကို ရှာဖွေပြီး
လက်စားချေဖို့ ရည်ရွယ်ခဲ့ပုံပါပဲ ။ ဒီလိုနဲ့ အငယ် တယောက် သူ့အစ်ကို လာလေ့လာထရှိတဲ့
လွမ်းစေတီအရောက်မှာ သူ့အကိုနဲ့ အမျိုးသမီးတယောက် လွမ်းစေတီမှာ စကားလာပြောလေ့ရှိတယ်ဆိုတာ
သိခဲ့ရတယ် ။
တိုတိုပြောရရင် အငယ် ရန်ကုန်မပြန်ခင် မှာ သူ့အစ်ကို ကို သေစေသူလို့ သူယူဆတဲ့
‘သက်’ ရယ် သူမရဲ့ ညီမ ‘မိုး’ နဲ့ တွေ့ခဲ့တယ်ပေါ့
။ ဒါပေမဲ့ သက် ရဲ့ သနားစရာဖြူစင်တဲ့ အပြုအမှုတွေနဲ့ အတူ မိုး နဲ့ ကတောက်ကဆဖြစ်မှုတွေကြောင့်
၊ သူမေးချင်တဲ့ မေးခွန်းတွေကို မေးခွင့်မရခဲ့ပဲ ချစ်တဲ့နှင်းရှိတဲ့ ရန်ကုန်ကို ပြန်လာခဲ့ရပါတယ်
။
နှင်းနဲ့
အငယ်ရဲ့ အချီအချစကားပြောပုံလေးတစ်ခုက ကျွန်တော့ကို သိပ်ထိတယ် ။
“….လူ့ဘ၀မှာ မပျော်တော့လို့ပေါ့နှင်းရယ်
၊ လူ့ဘ၀မှာ မပျော်တော့ဘူးဆိုတာကလည်း သူ့အသက်ထက်မြတ်နိုးရတာကို ဆုံးရှုံးရလို့ ဖြစ်မှာပေါ့…..’’
ဒါပေမဲ့လည်း
မချစ်ပဲနဲ့ပေါင်းရတာထက် ချစ်ရက်နဲ့ခွဲရတာ ပိုများတဲ့ လောကသဘာဝ ကြောင့်ပဲ နှင်း နဲ့
အငယ်က ဝေးကွာခဲ့ရပါတယ် ။
ကျောင်းတွေပိတ်လို့
ဇာတိအိမ်ပြန်ရင်း သူငယ်ချင်း တင်မောင်နောင်ကို ဟိုပုန်းရေထွက်ကို လာအလည်မှာ မိုး ၊ အတွင်းဝန် ကိုမျိုးဝင်းတို့ နဲ့ ရင်းနှီးခဲ့တယ် ။ ကျောင်းတွေဖွင့်လို့ ရန်ကုန်ပြန်လာရချိန်မှာ မိုးက
အင်းလျားဆောင် ကို ရောက်လာခဲ့ပါတယ် ။ ဖြစ်ချင်တော့ နှင်းကလည်း အင်းလျားဆောင်သူပါပဲ
။
နှင်းကို
ဂရုမထားဖို့လုပ်ရင်း မိုး နဲ့ အငယ် အနေနီးသွားတယ်ပေါ့ဗျာ ။ မိုးကကော အငယ်ကို အမှန်တကယ်ချစ်လား
။ အငယ်ကကော မိုးအပေါ်ဘယ်လို သဘောထားလဲ ။ သက်ကကော အငယ်စွပ်စွဲသလို သူ့အစ်ကို ကို သတ်သေစေခဲ့တဲ့သူလား
။ အငယ့်ရဲ့ ငယ်စဉ်က ရခဲ့တဲ့ စိတ်ဒဏ်ရာ ကို ကုသနိုင်ချိန်မှာ အငယ့်ဘေးမှာ ရှိနေဖို့
အငယ်တောင်းတမိတာ ဘယ်သူဖြစ်မလဲ ။
‘ သူ လက်ကမ်း
ဆယ်စဉ်က ငါက သောင်ပေါ်မလိုက်ပဲ ငြင်းပြီး အမျောခံတယ် ၊အခုမှ သူ့မေတ္တာသောင်ကို ခိုပါရစေဆိုတော့
ခွင့်လွှတ်ပါ့မလား’ ဆိုတဲ့ စကားကို အငယ် က ဘယ်သူ့အတွက် ရည်ရွယ်ပြောခဲ့သလဲဆိုတာ သိချင်ရင်
စာအုပ်ဝယ်ဖတ်ဖို့ ညွှန်းပေးပါရစေ ။
ဒီဝထ္ထုမှာ
အငယ့်ကို စိတ်ပညာကျောင်းသား အနေနဲ့ ဖန်တီးထားတာကိုလည်း သဘောကျမိတယ် ။ Child Psychology
ရယ် counseling ရယ် နဲ့ ပတ်သတ်ပြီး ဒီဝထ္ထုထဲမှာပါတဲ့ ကျွန်တော်သဘောကျတဲ့ အပိုဒ်လေးကို
အတိုချုံးပြီး ဖော်ပြထားပါတယ်။ စိတ်မ၀င်စားရင် ကျော်ဖတ်နိုင်ပါတယ် ။
ကလေးဘ၀မှာ
ရခဲ့တဲ့ စိတ်ဒဏ်ရာက လူကြီးဘ၀ထိကို ပါလာလေ့ရှိတယ် ။ ကလေးကို စိတ်ဒဏ်ရာဖြစ်စေတဲ့ ကြောင်းကျိုးတွေကို
လူကြီးရှုထောင့်က ကြည့်ရင် အသေးအဖွဲ့ပေါ့ ၊ မှန်ကန်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းလို့ရတယ်
။ ကလေးတွေအတွက်ကတော့ သိပ်ကြီးကျယ်တယ် ၊ ဖြေရှင်းမဲ့နည်းလမ်းကို မသိဘူး ။ စိတ်ဒဏ်ရာ
သက်သာစေမဲ့အစား စိတ္တဇအကာအကွယ်ဖြစ်မဲ့ အပြုအမှုတွေပဲ လုပ်ဖြစ်တော့တယ် ။ အဲ့တော့ ဒဏ်ရာရရခြင်းအကြောင်းတရားတွေပျောက်ပြီး
ဒဏ်ရာတွေပဲ နှလုံးသားမှာကျန်ခဲ့တယ် ။ အရူးမဟုတ်ပေမဲ့ စိတ်ကျန်းမာရေး ချို့တဲ့သူဖြစ်လာတယ်
။ အဲ့ဒါက ဖရွိုက်ရဲ့ သီအိုရီအရဆို အမှတ်မှောက်မှားခြင်းလို့ခေါ်တယ် ။ ကာလကြာလာလေလေ ပိုခိုင်မြဲလာလေပဲပေါ့
။ အဲ့ဒီတွေ့ရှိချက်အတွက် ကုထုံးက လွတ်လပ်စွာဆက်စပ်နည်းလို့ ခေါ်ပါတယ် ။ စိတ်ဝေဒနာရှင်ကို
စကားပြောခိုင်းတာပါ ။ လွတ်လွတ်လပ်လပ် အဟန့်အတားမရှိ ၊ မယဉ်ကျေးတာတွေရော အသေးအဖွဲ့ အဆက်စပ်မရှိတာတွေရောကို
ထိန်ချန်ခြင်းမရှိပဲပြောခိုင်းတာမျိုးပါ ။ ပြောစမှာ မသိစိတ်ထဲက တိမ်မြုပ်နေတဲ့ ဆန္ဒတွေ
၊ စိတ်လှုပ်ရှားမှုတွေ ၊ အာရုံရုပ်တွေကို သိစိတ်ထဲမရောက်လာအောင် ဖီဆန်ခြင်းရှိနေပေမဲ့
၊ ကုသတဲ့သူက ဝေဒနာရှင်ကို အဲ့လို့တားဆီးထားတာမှန်သမျှကို
ချိုးဖောက်လာနိုင်အောင် ကူညီပေးခြင်းမျိုးပေါ့ ။ ဝေဒနာရှင်က ကုသသူနဲ့ တပတ် ၅ ကြိမ်တွေ့ပြီးစကားပြောရတယ်
၊ တခါတလေ လနဲ့ချီပြီးကြာနိုင်တယ် ။ ဖီဆန်ခြင်းလျော့သွားတာနဲ့ မသိစိတ်ထဲက အရာတွေ သိစိတ်ထဲရောက်လာမယ်
။ အဲ့ဒီအရာတွေက ကလေးဘ၀က အမှတ်မှား ၊ အစွဲမှားခဲ့တာတွေ ဖြစ်နေတာများတယ် ။ အဲ့ဒါကို သိလာတဲ့အခါမှပဲ
စိတ်ဒဏ်ကို ကာကွယ်ဖို့ သိမ်းပိုက်ထားတဲ့ အရာတွေကို ဝေဒနာရှင်က ပယ်နိုင်တော့မယ် ။ ပယ်နိုင်လိုက်တာနဲ့
ကုသမှုပြီးဆုံးသွားပြီလို့ ဆိုနိုင်တယ် ။
♥ M ♥
© hsudiary.blogspot.com. All Rights
Reserved.
No comments:
Post a Comment