Wednesday, July 19, 2017

ကြက်ဋီကာ - သော်တာဆွေ



 

ကျွန်တော့ လက်ထဲမှာ ရှိတဲ့ ဆရာကြီး သော်တာဆွေ ရဲ့  ကြက်ဋီကာ စာအုပ်ကို ရုပ်ပြောင်စာပေက တတိယအကြိမ်အဖြစ်ထုတ်ဝေထားတာပါ ။ တန်ဖိုးက ၃၀၀၀ ကျပ်ပါ ။ စာအုပ်အဖုံးကတော့ ဆရာကြီး သော်တာဆွေ ရဲ့ ပုံနဲ့ ရိုးရိုးရှင်းရှင်း ထုတ်ဝေထားတာပါ ။ 
 

ဒီ စာအုပ် မှာ ဆရာသော်တာဆွေ  သူ ကိုယ်တိုင် ကြက်မွေး ၊ ကြက်တိုက်ခဲ့တဲ့ အတွေ့အကြုံတွေထဲက နေ ကောင်းနိုးရာရာတွေကို စာဖတ်သူတို့ ဗဟုသုတရစေဖို့ ရည်ရွယ်ပြီး ရေးဖွဲ့ထားပါတယ် လို့ ဆရာက နိဒါန်း ရေးသားခဲ့ပါတယ် ။ 

ဆရာသော်တာဆွေက လူ့သဘော ၊ လူ့မနော ၀ထ္ထုတွေ ကို ဟာသနှောပြီး ဖွဲ့တတ်သူရယ်လို့ ကျော်ကြားသူတစ်ယောက်ပါ ။ ဒီစာအုပ်မှာလည်း သတ္တလောက က ကြက်တွေရဲ့ အကြောင်း နဲ့ တိုက်ကြက်မွေးမြုသူတွေရဲ့ ချစ်စရာ ဓလေ့၊ စရိုက် ၊ လက္ခဏာတွေ ကို ပေါ်လွင်အောင် ရေးဖွဲ့ထားပါတယ် ။

ဆရာ နဲ့ သူ့အပေါင်းအဖော်တွေ အရပ်တကာလှည့်ပြီး ကြက်တိုက်ခဲ့တဲ့ အတွေ့အကြုံတွေ ကို အဖြစ်အမှန်တိုင်းရေးဖွဲ့ထားပါတယ် ။ တိုက်ကြက်တွေ တစ်ကောင်ရဲ့ ဘ၀ အကြောင်းတွေ  ၊ ကြက်သမား တွေ အချင်းချင်း ဘယ်လို လူလည်ကျ ကြတယ်ဆိုတာတွေ ၊ ကြက်သမား တွေရဲ့ အကျင့်စရိုက်တွေ ၊ ကြက်သမားတွေက သူတို့ကြက်ကို သူတို့သားမယားထက်တောင် ဂရုစိုက်ကြတယ်ဆိုတာတွေ ၊   ကြက်ဝိုင်း မှာ ဘယ်လို ဘယ်ပုံ လောင်းကြေးစားကြေးနဲ့ကစား ကြတယ်ဆိုတာတွေ ၊  ကြက်သမားတစ်ယောက် ရဲ့ သူ့တိုက်ကြက်အပေါ်မှာ ဘယ်လောက်ထိ သံယောဇဉ်ကြီး သလဲဆိုတာ ဆရာ သော်တာဆွေ ရဲ့ ကြက်ဋီကာ မှာ ဖတ်နိုင်ပါတယ် ။ 

ကြက်ဋီကာ ဆိုတဲ့ အတိုင်း ကြက်အကြောင်းကြီး ပဲ ရေးထားတာတော့ လည်းမဟုတ်ပါဘူး ။ ကက္ကိုဝရွာမှာ ဆရာသော်တာဆွေ ကြက်သွားတိုက်တုန်းက တွေ့ခဲ့ရတဲ့  နွား နဲ့ ခွေး တိရိစ္ဆာန် နှစ်ကောင်အကြား တစ်ကောင် အပေါ် တစ်ကောင် သံယောဇဉ် ကြီးကြပုံ အကြောင်းကို ဂရုဏာရသမြောက်အောင် ရေးဖွဲ့ထားပါသေးတယ် ။

ကျွန်တော်တို့ ခုခေတ်နဲ့ အလှမ်းကွာနေပြီဖြစ်တဲ့ ကြက်တိုက်တဲ့ ရိုးရာ ဓလေ့ကို ဒီစာအုပ်ကတဆင့်
လေ့လာနိုင်တာမို့ ညွှန်းဆိုပေးလိုက်ရပါတယ် ။ 

အဝေးရောက် စာပေချစ်သူတွေ အတွက် e book link လေးထည့်ပေးထားပါတယ် ။ 
 
http://www.mediafire.com/file/4b66pvpjdf2762b/LMA%29%E1%80%B1%E1%80%9E%E1%80%AC%E1%80%B9%E1%80%90%E1%80%AC%E1%80%B1%E1%80%86%E1%80%BC-%E1%82%80%E1%80%80%E1%80%80%E1%80%B9%E1%80%8B%E1%80%AE%E1%80%80%E1%80%AC.pdf 

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

2 comments: