Monday, November 20, 2017

ကံကော်ဝတ်ရည်စာအုပ်အိမ်


ဒီတခါတော့ ကျွန်တော်သွားနေကြ စာအုပ်ဆိုင်လေးအကြောင်းမိတ်ဆက်ပေးချင်ပါတယ် ။ ရေကျော် က ကံကော်ဝတ်ရည်စာအုပ်အိမ်ပါ ။ တက္ကသိုလ်ဘုန်းနိုင် ပရိတ်သတ်တွေဆိုရင်တော့ အရမ်းကြွေကြမဲ့နေရာလေးပေါ့ ။ ကျွန်တော် သဘောကျတဲ့တချက်ကတော့ လူအလာနည်းပါတယ် ။ (ကျွန်တော်ရောက်တဲ့ ၃ ခေါက်မှာ သိပ်လူများများစားစားမတွေ့ခဲ့သေးပါဘူး။) 


အောက်ထပ်မှာ ကံကော်ဝတ်ရည်စာအုပ်အိမ်ဆိုတဲ့ အတိုင်း ကံကော်ဝတ်ရည် တိုက်ထုတ်စာအုပ်တွေကြီးပဲ ထားပေးပါတယ် ။ အမှန်တိုင်းပြောရရင် အဲ့ဒီတစ်ချက်တော့ ကျွန်တော်သိပ်မကြိုက်ဘူး ။ သူတို့တိုက်က ထုတ်တဲ့ စာအုပ်မှ မဟုတ်ရင် ၀ယ်လို့မရတော့ ၊ ကျွန်တော့လို စာအုပ်မျိုးစုံ ဖတ်ချင်ဝယ်ချင်တဲ့သူကြ  မကိုက်ဘူးရယ် ။ ပြီးတော့ အိမ်နဲ့လည်း အတော်ဝေးလို့ ၂ခါ ၃ခါလောက်သွားပြီးလို့ ၊ သူတို့တိုက်ထုတ် ကိုယ်ကြိုက်တဲ့ စာရေးဆရာ ရဲ့ စာအုပ်တွေ မရှိတော့ရင် ကိုယ်လည်း သွားဖြစ်တော့မှာ မဟုတ် ၊ တခြားရွေးချယ်စရာ စာအုပ်တွေ ရှိသေးရင် တော့ သွားဖြစ်မှာ အသေအချာရယ် ။




ကံကော်ဝတ်ရည်စာအုပ်အိမ်မှာ စာအုပ်ငှားဖတ်လို့ရတယ် ၊ ကိုယ်ကြိုက်တဲ့ စာအုပ်တစ်အုပ်ကို တစ်ပတ်လောက် ငှားလို့ရတယ်တဲ့။  အပေါ်ထပ်မှာ အေးဆေး လွတ်လွတ်လပ်လပ် အကြာကြီး စာအုပ်ဖတ်လို့ရသေးတယ် အဲ့ဒါကိုတော့ သဘောကျတယ် ။






ပြီးတော့ သူတို့စာအုပ်အိမ်မှာ ပရိုမိုးရှင်းတွေလုပ်တဲ့အခါ မုန့်လုံးရေပေါ်နဲ့ ကော်ဖီတိုက်တာလေးလည်း သဘောကျတယ် ။







လိပ်စာက တိုက် (၅၁) ၊ ရေကျော်လမ်း ၊ ပုဇွန်တောင်မြို့နယ် ပါ ။

မြို့ထဲနဲ့နီးတယ်သူတွေ စာဖတ်ဝါသနာပါတဲ့သူတွေ အထူးသဖြင့် ဆရာကြီး တက္ကသိုလ် ဘုန်းနိုင်ကို အရမ်းကြိုက်တဲ့သူတွေ သွားလို့ရအောင် ညွှန်းပေးလိုက်ရပါတယ်ဗျာ ။ 


Edited : ခုဆို စာအုပ်အိပ်လေး ဖွင့်တာ တစ်နှစ်တင်းတင်းရှိပြီပေါ့ ။ စဖွင့်စတည်းက ရေးပြီး ၊ မအားတာနဲ့ မေ့ပြီး Publish မလုပ်ဖြစ်ဘူး ။ တစ်နှစ်ပြည့်အမှတ်တရလေးမို့ ခုမှ ပဲ တင်လိုက်ပါတယ် ။ ဓာတ်ပုံတွေကတော့ စဖွင့်စကတည်းက ရိုက်ထားတာ ၊ decoration theme က တက္ကသိုလ်ဘုန်းနိုင်ရဲ့ နံမည်ကျော် စာအုပ် ‘သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်’ ထဲ က အမှတ်အသား ဖြစ်တဲ့ စွယ်တော်ရွက်လေးတွေနဲ့ အလှဆင်ထားတာ ။ 
နောက်အခေါက်တွေရောက်တော့ အဲ့ဒါလေးမရှိတော့ဘူး ။ 

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

No comments:

Post a Comment