လှေသမားဟာ
ဟို့အဝေးကကျွန်းတွေမှာ
ကောက်သိမ်းပြီးတော့
သူ့အိမ်…
ငြိမ်းချမ်းတဲ့သူ့မြစ်ချောင်းထံ
ပြန်လာခဲ့တယ်...။
ကောက်သိမ်းပြီးတော့
သူ့အိမ်…
ငြိမ်းချမ်းတဲ့သူ့မြစ်ချောင်းထံ
ပြန်လာခဲ့တယ်...။
ကိုယ်လည်းအိမ်ပြန်ချင်ပါရဲ့
ဒါပေမယ့်ကိုယ့်မှာ
ဘာများရိတ်သိမ်းစရာ ရှိပါသလဲ။
ဒုက္ခခံစားခြင်းသာရိတ်သိမ်းစရာ ရှိခဲ့တယ်။
မိတ်ဆွေ… မြစ်ကမ်းနဖူးရယ်
သင်ဟာ
ကိုယ့်ကိုမွေးမြူကြီးပြင်းစေခဲ့ တယ်...။
ဒါပေမယ့်ကိုယ့်မှာ
ဘာများရိတ်သိမ်းစရာ ရှိပါသလဲ။
ဒုက္ခခံစားခြင်းသာရိတ်သိမ်းစရာ ရှိခဲ့တယ်။
မိတ်ဆွေ… မြစ်ကမ်းနဖူးရယ်
သင်ဟာ
ကိုယ့်ကိုမွေးမြူကြီးပြင်းစေခဲ့
အချစ်ရဲ့ဝေဒနာကိုရော
သက်သာရာရအောင်
သင်မတတ်နိုင်ဘူးလား။
သက်သာရာရအောင်
သင်မတတ်နိုင်ဘူးလား။
အို …ကိုယ့်ကလေးဘဝရဲ့
တောအုပ်များ
ကိုယ်အိမ်ပြန်လာရင်
ငြိမ်းချမ်းခြင်းကို
တစ်ဖန်ပေးနိုင်ပါဦးမလား...။ ။
တောအုပ်များ
ကိုယ်အိမ်ပြန်လာရင်
ငြိမ်းချမ်းခြင်းကို
တစ်ဖန်ပေးနိုင်ပါဦးမလား...။ ။
ကြည်အေး( ဂျာမန်ကဗျာကိုဘာသာပြန်သည်)
♥ M ♥
© hsudiary .blogspot.com . All Rights Reserved
© hsudiary .blogspot.com . All Rights Reserved
No comments:
Post a Comment