Saturday, December 31, 2016

မှန်၏မှောင်၇ိပ် စိုး နှင့် ခိုင် - ကြည်အေး





ကြည်အေးရဲ့ အချို့စာအုပ်တွေက စာအုပ်တိုက်တွေက ပြန်မထုတ်ဖြစ်ကြတာနဲ့ တော်တော်ရှားရှားရယ်ပါ ။ကျွန်တော် ဒီစာအုပ်လေးကို ၃၇လမ်း စာအုပ် အဟောင်းတန်းကနေ မြန်မာငွေ ၅၀၀တည်း နဲ့ရလာတာ အတော်ကံကောင်းတယ်ပြောရမယ် ။ ဆရာမရဲ့အမှာစာထဲမှာ Depression ကြောင့် suicide လုပ်ဖို့ကြိုးစားဖူးတဲ့ သူ့လူနာကောင်မလေး အကြောင်းကိုတွေးရင်း စိတ်ဝေဒနာခံစားရပုံတွေ အနည်းငယ်ပါတဲ့ ၊ စိတ်ကူးယဉ်အချစ်ဝထ္ထု စိုး နဲ့ ခိုင် ကို ရေးပါတယ် တဲ့ ။ 
 
ဇာတ်လမ်းကျောရိုးက ခပ်ရိုးရိုးဆင်းဆင်း ၊ အသက် (၁၁) အရွယ်မှာ ချစ်ခင် ရင်းနှီးရတဲ့ မောင်လေးကို ဆုံးရှုံးလိုက်ရပြီး ၊ အသက် (၁၅) နှစ်မှာ မိဘ နှစ်ပါးလုံးကို ဆုံးရှုံးလိုက်ရတဲ့ စိတ်ကျဝေဒနာရှင် ကောင်မလေး ခိုင် ။ သူ့အနားကို စိုးရောက်လာတဲ့ အချိန်မှာ သူမ ငယ်ငယ် ကလေးဘ၀တုန်းက ခံစားလိုက်ရတဲ့ လိင်ပိုင်းဆိုင်ရာ ကြောက်လန့်မှုတွေ ပြန်အသက်ဝင်ကြီးထွားလာခဲ့တယ် ။ ရှေးရိုးဆန်လွန်းတဲ့ ဗမာမိဘတွေ ၊ အပြင်က အသိအမြင်တွေကို တားဆီးခဲ့တဲ့ မိဘတွေ ၊ သားသမီးတွေကို ကြီးတဲ့အထိ ကလေးလို့ သတ်မှတ်ခဲ့တဲ့ မိဘတွေကြောင့် ကျွန်တော်တို့ ကလေးတွေ သိသင့်တာတွေ မသိခဲ့ရပဲကြီးပြင်းခဲ့ရတယ်။

ဒီဝထ္ထုမှာကလေးတွေ ငယ်ရွယ်စဉ်မှာ ဖြစ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာသာယာစိတ်သဘောကို မြန်မာယဉ်ကျေးမှုဘောင်ထဲကနေ ခပ်ပါးပါးလေး ပညာပေးရင်း ဖော်ပြထားခဲ့တယ်။ ဆရာမင်္ကြီးကြည်အေးရဲ့ ၀ထ္ထုကောင်းတွေထဲက တစ်အုပ်ပါ ။ ဖတ်ညွှန်းလေးရေးပေးလိုက်ရပါတယ် ။ 

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

No comments:

Post a Comment