Wednesday, December 7, 2016

အိမ်မက်






ကိုယ်တို့နှစ်ယောက်သာ ပန်းခင်းဝါဝါတွေကြားကနေ ရထားစီးပြီး ခရီးအတူအတူသွားဖြစ်ခဲ့ရင်...


ကိုယ်ကပဲ မင်းပေါင်ပေါ်ခေါင်းအုံးအိပ်ရင်း စာအုပ်တအုပ်ဖတ်ပြဖြစ်မလား
မင်းကပဲ ကိုယ့်ပခုံးပေါ်မှီတွဲ့ရင်း ဂိမ်းဆော့နေမလား
ဒါမှမဟုတ် တိတ်တိတ်ဆိတ်ဆိတ် တယောက်လက်တယောက်ဆုပ်ကိုင်ပြီး တိမ်ပြာပြာတွေငေးကြည့်ရင်း နေဝင်သွားတာ စောင့်နေဖြစ်မလား ။
ဒီလိုမှမဟုတ်ရင်တော့ ခါတိုင်းလိုပဲ
ကိုယ့်ကိုမှီပြီး မင်းအိပ်ပျော်သွားတဲ့အခါ
သိပ်ကြွေတဲ့ရတဲ့ မင်းရဲ့ မျက်တောင်မွှေးနက်နက်လေးတွေကို
ငေးကြည့်ဖြစ်နေမယ်ထင်တယ်...။

ဒီအတွေး သေးသေးလေးတွေကလည်း နာကျင်ရပါတယ် ။

 ♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

No comments:

Post a Comment