Saturday, December 31, 2016

ပြည့်စုံဝင်း Collection



·          


     တချို့အရာတွေ ဆုံးရှုံးသွားရပုံက သိပ်အံသြဖို့ကောင်းတယ် ၊ မင်းနေရာမှာ မင်းနဲ့ ပြန်အစားထိုးရင်တောင် ပြန်မရတော့မဲ့ အရာမျိုးတွေရှိတယ် ။

·         ကျွန်မတစ်ယောက်တည်းကို မချစ်ရင်
ကျွန်မ ဘယ်လောက်ချစ်ချစ် လွှတ်ချခဲ့လိုက်မှာ…။

·         ငါမရှိလည်းအဆင်ပြေမှာပါ ၊ အဆင်မပြေဘူးဆိုရင်တောင်
အကြောင်းအရင်းက ငါမရှိလို့ မဟုတ်မှန်း သဘောပေါက်ထားပြီးသားပဲ…။
ဘာပဲဖြစ်ဖြစ်ပေါ့ …ပြေပါစေ ။

·         ဘယ်သူကိုမှ မလိုအပ်ဘူးပြောတဲ့ အချိန်တွေမှ ဘယ်သူမှ ရှိမနေခဲ့တာ အတွက် ရှက်ရပါတယ် ။

·         ဘ၀မှာ ဒီထက်မက ဆိုးတာတွေကြုံလာရင် ဒီထက်မကဆိုးတဲ့နည်းနဲ့ ငြိမ်သက်ဥပက္ခာပြုဖို့လည်း တတ်ကျွမ်းလာပြန်ရော….။

·         လူတစ်ယောက် မျှော်လင့်ချက်ကျကွဲတယ်ဆိုတာ ဖန်ခွက်ကျကွဲသလိုတော့ အသံဘယ်မြည်မလဲ ၊ အထိအရှ ပိုများတာတော့ ယုံထားစေချင်တယ် ။

·         နာကျင်ရတယ်ဆိုတာ ဘယ်လိုမျိုးလဲသိလား ။
မိုးက ခပ်ဖွဲဖွဲပါကွာပြောပြီး တိတ်တိတ်လေး ပြာခိုက်တုန်ရီနေရတာ ။

·         ရွေးတဲ့လမ်း မှန်ကန်တယ်လို့ ယုံကြည်လာတဲ့အခါ နာကျင်ရတာ သက်တောင့်သက်တာရှိပါတယ် ။ ဒီလောက်ပါပဲ….။

·         အေးချမ်းနေစေဖို့ ဆုတောင်းပေးတယ် ။
စိတ်အနှောင့်ဖြစ်စရာတွေထဲ ကိုယ်ပါနေတယ်ဆို
ကိုယ့်ကိုကိုယ် သိမ်းဖျောက်ပစ်လိုက်ဖို့လည်း ၀န်လေးနေမှာ မဟုတ် ။

·         ကိုယ်ဘာမှ မပြောဖြစ်တော့တဲ့ မနက် နဲ့ ညဘက်တွေဟာ
စိတ်အေးလက်အေး ရှိစေဖို့ တိုးတိတ်ဆုတောင်းပေးတဲ့ကာလတွေ ဖြစ်တယ် …။
ခွင့်လွှတ်ပါလေ…
စိတ်နိုင်သွားတဲ့တစ်နေ့ ကိုယ်ချောင်းကြည့်ပေါက်လေးကိုပါ ကိုယ် ပိတ်လိုက်ပါ့မယ် .

·        ထားရှိ ထွက်ခွာခဲ့ခြင်းတွေအတွက် နောင်တမရဘူး
နီးကပ်ဖို့ကြိုးစားခဲ့ခြင်းတွေ အတွက် နောင်တရတယ် ။

·         ငါ မင်းကိုချစ်တာ မင်းသိထားတာထက်ပိုပါတယ် ။ 



      ♥ M ♥
© hsudiary.blogspot.com. All Rights Reserved. 

No comments:

Post a Comment