Monday, December 26, 2016

မင်းလိုအပ်တဲ့အချိန်တိုင်း မင်းဘေးမှာရှိပေးနိုင်တဲ့သူတွေ
ကိုသိပ် ကျေးဇူးတင်ရပါတယ် ။ အကွာအဝေးတွေက တစ်ဆထက်တစ်ဆ နက်ရှိုင်းလာတယ် ။
မမျှော်လင့်ပဲရခဲ့တဲ့ ပျော်ရွှင်ခြင်းအိမ်မက်တွေက မင်းနဲ့ အစပြုပြီး မင်းနဲ့ပဲ ဇာတ်သိမ်းခဲ့တာ ကိုယ်ဖွင့်မပြောလည်း သိတယ်မလား ။
မင်း အနားက ထွက်လာပြီးတော့မှ မင်း စကားတွေ နားမထောင်မိခဲ့တဲ့အတွက် သိပ်အားနာမိတာပဲ ။ အထူးသဖြင့် ကိုယ့်ပတ်ဝန်းကျင်က လူတွေနဲ့ ပတ်သတ်တဲ့ မှတ်ချက်တွေ ။ မင်း နဲ့ ယှဉ်ရင် အမြဲ တခြားဘက်က ရပ်နေခဲ့တဲ့ အတွက် အားနာရပါတယ် ။
အားနာတယ်ဆိုတဲ့ စကားထက် ပို ပြောမထွက်တဲ့ အတွက်တော့ ဝမ်းနည်းတယ် လို့ ပဲ ပြောချင်တယ်။
အထူးသဖြင့် ဒီနေ့မှာမှ ဒီစကားတွေပြောထွက်တဲ့အတွက်
ပိုအားနာတယ် ။ မင်း ပျော်ရွှင်ချမ်းမြေ့ဖို့ကိုပဲ ကိုယ် အမြဲ ဆုတောင်းနေတယ်ဆိုတာတော့ အမှတ်ရနေစေချင်တယ်။ ဒီလောက်ပါပဲ ။ 

♥ M ♥
Dec 26, 2016
© hsudiary.blogspot.com. All Rights Reserved.


No comments:

Post a Comment