Saturday, December 31, 2016

ပျော်ရွှင်စန္ဒရား - ပြည့်စုံဝင်း





ဒီနေ့တော့ ပြည့်စုံဝင်းရဲ့ - ပျော်ရွှင်စန္ဒရား ဆိုတဲ့ စာအုပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။
ဒီစာအုပ်ထဲမှာ အပိုင်း (၆) ပိုင်း ခွဲထားပြီး ကဗျာ ၊ စကားပြေ ပုံစံအမျိုးမျိုးကို ခံစားနိုင်ပါတယ်။ ပျော်ရွှင်စန္ဒရား က စစထွက်ခြင်းမှာပဲ အင်းဝစာအုပ်တိုက်ရဲ့ အရောင်းရဆုံး စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ် ။ ကျွန်တော်တောင် ပန်းဆိုးတန်းက စာအုပ်ဆိုင်တွေ တောက်လျှောက် ရှာတာမရပဲ လှည်းတန်း က အင်းဝ စာအုပ်ဆိုင်ကမှ ရလာတာပါ ။

အမ ပြည့်စုံဝင်းရဲ့ စကားလုံးတွေကို ကျွန်တော်ကတော့ Facebook ကတဆင့် စရင်းနှီးပါတယ် ။ ပြီးတော့ ရင်ထဲမှာ သိသိသာသာနေရာယူလာတဲ့ ကဗျာလေးတွေ ၊ သူသုံးစွဲတဲ့ စကားလုံးလေးတွေ စီးဆင်းမှုက သူပြောသလိုပဲ အေးမြတာမို့ ကဗျာကြိုက်သူတွေရော ၊ မကြိုက်သေးတဲ့သူတွေရော ဖတ်ကြည့်စေရုံသပ်သပ် မျှဝေပါတယ် ။ 

ကျွန်တော့ Blog ရဲ့ Favorite Categories တွေထဲမှာလည်း သူ့ ကဗျာတွေ ၊ စာတွေ စုသိမ်းထားတာရှိပါတယ်။ မြည်းကြည့်ပြီးရင်တော့ ၀ယ်သိမ်းထားဖို့ မျှော်လင့်ပါတယ်ဗျာ ။ 

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

No comments:

Post a Comment