Sunday, September 25, 2016

မျက်ကြည်လွှာလှုဒါန်းခြင်း

ခဏခဏ မေးကြလို့ မျက်ကြည်လွှာလှုချင်တဲ့ သူငယ်ချင်းတွေအတွက်ပါ ။ 

မျက်ကြည်လွှာ အစားထိုး ကုသတယ်ဆိုတာ မျက်စိတစ်လုံးလုံး 
အစားထိုးကုသခြင်းမဟုတ်ပါဘူး ။ သေဆုံးသူရဲ့ နာရီမှန်ကဲ့သို့ အပေါ်ယံမျက်ကြည်လွှာကိုသာ ထုတ်ယူကုသခြင်းပါ ။မျက်ကြည်လွှာ လှုခြင်းဖြင့် ကွယ်လွန်သူရဲ့ မျက်နှာပုံပန်းသာန်မပျက်သွားပါ ၊ မျက်တွင်းဟောက်ပက် မဖြစ်သွားပါဘူး ။ တစ်ခါ သူငယ်ချင်းတစ်ယောက်က လှုချင်ပေမဲ့ သူ့အိမ်က သူကွယ်လွန်လို့ သဂြိုလ်တဲ့အခါ အင်္ဂါမစုံမှာစိုးလို့ ဆိုပြီး ပေးမလှုဖြစ်လိုက်တာလေး သတိရလို့ပါ။ 

လူတစ်ယောက် မျက်ကြည်လွှာမကောင်းရင် ကွယ်လွန်သွားတဲ့သူ တစ်ယောက်လှုခဲ့တဲ့ မျက်ကြည်လွှာနဲ့သာ အစားထိုးကုသလို့ရပါတယ် ။ အစားထိုးကုသမှုတိုင်းမှာ ၉၀% အောင်မြင်မှုရရှိပြီး  ၊ လူ့မျက်ကြည်လွှာထက်ကောင်းတဲ့ အစားထိုးနိုင်တဲ့ တီထွင်မှုမျိုး မပြုလုပ်နိုင်သေးဘူးလို့ သိရပါတယ်။ မျက်ကြည်လွှာကို မျက်စိအတွင်း တိမ်ရှိသူ ၊ မျက်မှန်တတ်တဲ့သူ ၊ ဆီးချို ၊ သွေးတိုး ရှိသူ ၊ အသက် (၇၅) အောက် ၊ လူမျိုး ၊ ဘာသာ မခွဲ ၊  အယုတ်၊ အလတ် ၊ အမြတ်မရွေးလှုဒါန်းနိုင်ပါတယ် ။ ခြွင်းချက်အနေနဲ့ အသည်းရောင်အသားဝါ ၊ ခွေးရူးပြန်ရောဂါ ၊ ခုခံအားကျဆင်းမှုရောဂါ ၊ ဦးနှောက်အမြှေးပါးရောင်ရောဂါများဖြင့် သေဆုံးသူများရဲ့ မျက်ကြည်လွှာများကို 
လက်ခံခြင်းမပြုပါဘူးတဲ့ရှင် ။ 

ကိုယ့် မျက်ကြည်လွှာတစ်စုံ လှုဒါန်းရင် တခြားမျက်စိမမြင်တဲ့ ဝေဒနာရှင် နှစ်ဦးကို အလင်းဓါတ်ပေးခဲ့နိုင်တာ ဖြစ်လို့ မွန်မြတ်လှတဲ့ အလှုဖြစ်ပါတယ်။ 

ဆက်သွယ်လှူဒါန်းချင်ရင်
၁။ရန်ကုန်အမျိုးသားမျက်စိဘဏ် က အမှတ် (၃၀) နတ်မောက်လမ်း မှာပါ ။ မင်္ဂလာဈေးနားကနေ လမ်းလျှောက်သွားလည်းရပါတယ် ။ ဖုန်းနံပါတ်တွေက - ၀၁ ၅၄၁ ၃၀၆ ၊ ၀၁ ၅၅၇၉၅၆ ၊ ၀၁ ၅၄၉၁၇၁ ပါရှင် ။
၂။ မန္တလေး အမျိုးသားမျက်စိဘဏ် က ၂၃လမ်း ၊ ၈၀လမ်း နဲ့ ၈၁ လမ်းကြား၊ ဆေးရုံကြီး မန္တလေးမှာပါ။ ဖုန်းနံပါတ်တွေက ၀၂-၃၉၄၅၀ ၊ ၀၂ - ၃၁၂၀၀ ပါ ။
၃ ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာလည်း လှုဒါန်းလို့ရပါတယ်တဲ့ရှင် ၊ အသေးစိတ်သိချင်ရင် ၀၁ ၂၅၆၁၁၂ ပါ။

သွားရောက်လှုဒါန်းချင်ရင် ဓာတ်ပုံတစ်ပုံယူသွားပါ ၊ အသိသက်သေခေါ်သွားနိုင်ရင်လည်းရပါတယ်။ ကိစ္စမရှိပါဘူး ။ ကျတော့တုန်းကတော့ တစ်ယောက်တည်းရောက်သွားလို့ အိမ်ရောက်မှ အမေ့ကို အသိသက်သေနေရာမှာ လက်မှတ်ပြန်ထိုးခိုင်းရပါတယ် ။ 

အကယ်၍ ကွယ်လွန်ပြီး မှ ကျန်ရစ်သူ မိသားစုက သဒ္ဒါပေါက်၍ လှူဒါန်းလိုပါက ကွယ်လွန်ပြီး (၄) နာရီအတွင်း မျက်စိဘဏ်သို့အကြောင်းကြားပေးပါ။
 -ကွယ်လွန်သူ၏ မျက်စိအားပိတ်ထားပေးပါ။
-ဦးခေါင်းကို ခေါင်းအုန်းခံ၍ မြှင့်ထားပေးပါ။
-ပန်ကာမဖွင့်ပါနှင့်။
-ဖြစ်နိုင်ပါက ပလတ်စတစ်အိတ်တွင် ရေခဲ ထည့်၍ မျက်ခွံပေါ်အုပ်ထားပေးပါ။


♥ M ♥
© hsulittlediary.blogspot.com . All Rights Reserved.

လူ

-လောကကြီးက လှည့်ဖျားတယ်…
လူတွေက လှည့်စားတယ်။
-လောကကြီးက ရှုပ်ထွေးတယ်…
လူတွေက ကောက်ကျစ်တယ်။
-လောကကြီးက မျက်နှာလိုက်တယ်
လူတွေက ဟန်ဆောင်ကောင်းတယ်။
-လောကကြီးက အိမ်မက်တွေပေးပြီး
အမြတ်ထုတ်တယ်။
လူတွေက စကားလှလှလေးတွေနဲ့
အခွင့်အရေးယူတယ်။
-နောက်ဆုံးတော့လည်း...
မျက်နှာဖုံးတပ်ထားတဲ့ လူတွေကြားမှာ
မျက်နှာဖုံးမဲ့ ကိုယ်တစ်ယောက်
`အသုံးချခံ´ဖြစ် ရတာ
ဘာဆန်းသလဲ...။

24 March , 2014

♥ M ♥
© hsudiary .blogspot.com . All Rights Reserved

Me After You - Jo Jo Moyes


Jo Jo Moyes – Me before You ဖတ်ပြီးတဲ့ အချိန်မှာ ကိုယ်ဟာ သူရဲ့ဇာတ်ကောင် lou နဲ.အတူ ရင်ထဲမှာ ဟာတာတာ နဲ. လမ်းပျောက်နေခဲ့ပါတယ် ။

How do you move on after losing the person you loved? How do you build a life worth living? တဲ့ ။

Will တယောက် Lou အနားက ထွက်ခွာသွားချိန်မှာ Lou က သူတို့ အမှတ်တရတွေရှိတဲ့ မြို့လေးကို စွန်.ခွာခဲ့ပါတယ်။ ဒီလိုနဲ့ ၁၈ လကြာပြီးတဲ့အချိန်မှာ ၊ နေ့တိုင်း နေ့တိုင်း Will ကို လွမ်းဆွတ်ခြင်း နဲ့ အသက်ဆက်ရှင်ရင်း တစ်နေ့မှာ မထင်မှတ်ထားတဲ့ အကြောင်းအရာတွေ ဖြစ်လာခဲ့ပါတယ်။ Will ရဲ့ သမီးဖြစ်တဲ့ Lilly ပေါ်လာခဲ့ပါတယ်။ အဲ့ဒီကောင်မလေး ပြသနာတွေအများကြီးရှာခဲ့ပေမဲ့လည်း Lou က Will ကိုယ်ပွားလေး အဖြစ် စောင့်ရှောက်ခဲ့၊ ချစ်ခဲ့ရပါတယ်။

ကိုယ် သိပ်ထိသွားတဲ့ စကားလေး တခုရှိတယ်။ Liily က Lou ကို “Do You Miss Him?’’ လို့မေးတယ် ၊    Lou က ‘ Every single day’’ နေ့တိုင်း ၊ နေ့တိုင်းမှာ သတိရနေတုန်းတဲ့ ။ ဘ၀ဆိုတာ မထင်မှတ်တာတွေ ဖြစ်တတ်တဲ့သဘောပါပဲ ၊ Lou ဘ၀တခုလုံး Will ကို သတိရရင်း အထီးကျန်ကျန်သေဆုံးသွားရမယ်လို့ ထင်ထားခဲ့ပေမဲ့ သူ အခက်အခဲတွေနဲ့ကြုံတိုင်းမှာ သူနဲ့အတူ ရင်ဆိုင်ဖြေရှင်းပေမဲ့ လူတယောက် သူအနား တဖြေးဖြေးနဲ့ ၀င်ရောက်လာခဲ့ပါတယ်။ ဒဏ်ရာတွေ အပြည့် နဲ့ Lou တယောက် သူထပ်နာကျင်ရမှာ ကြောက်နေခဲ့လို့ သူ Sam အပေါ်ခံစားရတာတွေက အချစ်မဟုတ်ဘူး လို့ မျက်စိမှိတ်ငြင်းနေခဲ့ပေမဲ့လည်း တကယ်တမ်း  Sam ကို ဆုံးရှုံးရတော့မယ်ဆိုတဲ့ အခါ lou တယောက် တော်တော်လေး ခြောက်ခြားနေခဲ့ပါတယ်။

Lou က Will ကို မေ့ပစ်လိုက်တာ မဟုတ်ပါဘူး ၊ မျက်လုံးမှိတ်လိုက်တိုင်း မှိတ်လိုက်တိုင်းမှာ Will အပြုံး ၊ Will မျက်လုံး ကို မြင်နေဆဲပါ ။ ဒါပေမဲ့ Will မရှိတော့ပေမဲ့လည်း ၊ သူကတော့ ရှေ.ဆက်ပြီး အသက်ဆက်ရှင်ရမှာ ဖြစ်လို့ သူကိုယ့်သူ ချူပ်နှောင်ထားတဲ့ စိတ်တွေကို လွှတ်ပေးလိုက်ပါတော့တယ် ။

ဒီစာအုပ်လေးဖတ်ချင်ရင် အောက်က Link မှာ Download သွားလုပ်နိုင်ပါတယ်။

♥ M ♥

© hsudiary.blogspot.com . All Rights Reserved

https://drive.google.com/open?id=0B5zJ3ksKw8weN3o4V1hYc3c3SEU

မျှော် - သူဝေး

ထွက်သွားသူ ခြောက်မျိုးရှိတယ် ။
ပထမတစ်မျိုးက ခဏတာထွက်သွားသူဖြစ်တယ်
ခဏနေပြန်လာလိမ့်မယ် နောက် … ခဏကြာတဲ့အခါ ပြန်ထွက်သွားဦးမယ် ။


ဒုတိယတစ်မျိုးက မသွားချင်ဘဲထွက်သွားရတဲ့သူပဲ
သေချာနှုတ်ဆက်သွားတတ်တယ် နဖူးကိုနမ်းသွားတတ်တယ် ။
လုပ်ပေးလိုက်တဲ့မုန့်ကို အ၀တ်နဲ့တယုတယထုတ်ပိုးယူသွားတတ်တယ်
ဒါပေမယ့် ပြန်လာဖို့ကြာတတ်တယ် ဒါမှမဟုတ်
တစ်စုံတစ်ယောက်က စာလွှာတစ်စောင်ကို အိမ်ပေါက်ဝထိ
တံခါးခေါက်လို့ လာပေးပြီး သူပြန်လာနိုင်ဖို့မဖြစ်နိုင်တော့တဲ့အကြောင်း
အဝေးက တံပိုးခရာသံနဲ့အတူ သတင်းလာပို့လိမ့်မယ် ။


တတိယတစ်မျိုးက ဘယ်တော့မှ ထွက်သွားမှာမဟုတ်ဘူးလို့ပြောတတ်သူပဲ
သူ ဘယ်တော့မှ ပြန်မလာတော့ဘူး ။


စတုတ္ထတစ်မျိုးကတော့ ရုတ်တရက်ပဲ၊ အကြောင်းမဲ့ပဲ
အိပ်ယာနိုးတဲ့အချိန်ဘေးမှာ ကိုယ်ငွေ့ပူပူလေးပဲချန်ထားခဲ့ပြီး ပျောက်ကွယ်သွားလိမ့်မယ်
ဒါမှမဟုတ်စာတစ်စောင်လည်း ချန်ရင်ချန်ထားခဲ့ပြန်ဦးမယ်
အဲ့ဒီစာကလည်း သူ့ကိုလိုက်မရှာပါနဲ့ဆိုတဲ့ စာမျိုးပေါ့
မမျှော်လင့်တဲ့အချိန်မှာ သူပြန်လာတတ်တယ်
အဲ့ဒီအခါ မီးအိမ်ကိုပင့်ပြီး မျက်နှာကိုသေချာကြည့်ရတတ်တယ်
ပင့်ကူအိမ်တွေ ကျိုးကြေနေသလို တွန့်နေတဲ့အရေပြားတွေက
သူဘယ်သူလဲဆိုတာ ပဟေဠိလုပ် ဖုံးကွယ်ထားဦးမယ်
ထွက်သွားခဲ့စဉ်က ဖိနပ်ကိုပဲစီးနင်းဆဲဆိုရင်
ဆီးနှင်းတွေကြောင့် သူ့ခြေသည်းတွေပုပ်နေတတ်တယ်
မီးအတူတူလှုံရင်း တွန့်ဆုတ်တဲ့စကားလုံးတွေနဲ့ သူ …
သူ့အမှားကို ၀န်ခံပါလိမ့်မယ် ။


ပဉ္စမတစ်မျိုးကတော့ ထွက်သွားပြီးမကြာခင်မှာပဲ ပြန်လာချင်ခဲ့သူဖြစ်တယ်
ဒါပေမယ့် သူအပြန်လမ်းမမှတ်မိတော့ဘူး
နွယ်ပင်တွေရဲ့ခေါ်ဆောင်ရာ မျက်စိလည်ခဲ့တယ်
လျှိုတစ်ထောင်ချောက်ကမ်းပါးရဲ့ဖြားယောင်းရာ တောမှောက်ခဲ့တယ်
ဝင်္ကပါရဲ့လှောင်သံမှာ သူ့မျက်ရည်တွေကုန်ခဲ့တယ်
သူ့အပြန်လမ်းကို သူပြန်အော်ခေါ်ရင်း အာခေါင်ကွဲသေတယ်
ရံဖန်ရံခါ ဘယ်ကကြားရမှန်းမသိတဲ့အော်သံတွေကို သူ့ထံကလွင့်ပျံလာတာလို့
တိုက်ဆိုင် ၀မ်းနည်းနိုင်တယ် ။


ဆဌမတစ်မျိုးကတော့ ထွက်သွားမယ်လို့ မကြာခဏပြောနေတဲ့သူပဲ
သူတကယ်ထွက်သွားတဲ့နေ့မှာတော့ စကားတစ်ခွန်းမှပြောမသွားတတ်ဘူး ၊
သူအဖိုးတန်ပစ္စည်းတွေထားသွားလိမ့်မယ်
ဝိညာဉ်တစ်ထည် အ၀တ်တစ်ခုနဲ့ လမ်းတစ်လျှောက်
သုန်မှုန်ေ၀၀ါးမှုအပိုင်းအစတွေနဲ့ ထွက်သွားလိမ့်မယ်
ဓာတ်ပုံသေးသေးလေးတစ်ပုံ ၀ှက်ပြီးယူသွားသေးတယ်ဆိုရင်တော့
သူ တစ်ချိန် ပြန်လာမှာပါ ။
ေေ တောင်ပေါ်တက်နေသူတွေရှိတယ်
သူတို့ခါးတွေ ချိနဲ့နာကျင်နေတဲ့အထိတောင်ထိပ်ပေါ်တက်နေသူတွေရှိတယ်
ပြီးတော့ အဝေးဆုံးကို ကြည့်တယ်
သူတို့မျက်လုံးတွေ မှုန်ရီစုတ်ပြတ်နေရင်တောင်အဝေးဆုံးဆီကို
လှမ်းကြည့်ရီဝေနေကြတယ် ၊


 မျှော်နေသူကတော့ တစ်မျိုးတည်း ရှိပါတယ် ။

♥ M ♥
© hsudiary.blogspot.com . All Rights Reserved

အခန်းသော့ကို ဖိနပ်စင်ဒေါင့်စွန်းက ခြေအိတ်ကလေးတွေအောက်မှာထားခဲ့တယ် - သူဝေး

 ကော်ဖီဖျော်ခဲ့တယ်၊နင်ပြန်လာတဲ့အချိန်အေးနေရင်နွေးပြီး သောက်ပေါ့၊
 အိပ်ခန်းရဲ့မျက်နှာကျက်ကမီးလုံးပြာလေးကိုလည်း ငါလဲပေးခဲ့တယ်၊ မနေ့ကပဲအဲ့ဒီအိပ်ခန်းလေးထဲမှာနင်နဲ့ငါ အတူရှိခဲ့သေးတယ်ဆိုတာကို 
အဝေးပြေးကားကြီးတစ်စီးပေါ်ကနေငါစဉ်းစားမိတဲ့အခါမျက်ရည်ကျရင်ကျမှာပေါ့၊ 
အညှောင့်ပေါက်နေတဲ့ကြက်သွန်နီဥတွေကို ရေစင်အောက်မှာသပ်သပ်
ထားထားတယ်၊ နင်ပျင်းရင်စီတန်းပြီ်း ကစားတတ်တဲ့ရောင်စုံ
အိပ်ဆေးလုံးလေးတွေကိုတော့ ငါဝှက်ထားခဲ့တယ်၊ငါ့ကို
သတိရရင် ငါတို့အတူစိုက်ထားတဲ့ ၀ရံတာကပန်းပင်လေး
ကိုရေလောင်းပါ ၊ တနေ့မှာပန်းကလေးတွေပွင့်လာပြီးအဲ့ဒီိ
ပန်းပွင့်လေးတွေက ရုတ်တရက် စကားပြောတတ် မလာဘူး
လို့ ဘယ်သူကပြောနိုင်မလဲ၊ တစ်ယောက်တည်းလည်းချော့သူမရှိ
စိတ်ကောက်မနေနဲ့၊ မျက်နှာချင်းဆိုင် တိုက်ခေါင်မိုးပေါ်မှာ ငှက်ဝါ
ကလေးတွေ လာနားတိုင်း နင်မျက်ရည်လည်နေမှာလို့ ငါ မြင်ယောင်ပြီး 

ဝမ်းနည်းနေမယ့်ပုံကို နင်လဲမြင်ယောင်မိနေမလား ၊ စိတ်မကောင်းဘူး ..
ဒါပေမယ့်ဘယ်တတ်နိုင်မှာလဲ တချို့ရေစက်တွေက အတူတူဆုံပြီး 
မကြာခင်သစ်ရွက်လေးပေါ်ကလိမ့်ကျပြီး နှစ်ခြမ်းပြန်ကွဲသွားတတ်တာပဲ၊ 
ငါမရှိတဲ့နောက်ထမင်းမစားဘဲ ၊ ပဲလုံးလေးတွေချည်းပဲစားမနေနဲ့။ 
ငါမရှိတဲ့နောက် happy ending သီချင်းကိုပဲနားထောင်မနေနဲ့၊ငါမရှိတဲ့နောက် 
ဘယ်သူတံခါးခေါက်ခေါက်သေချာမေးစမ်းပြီးမှဖွင့်ပါကွယ် ၊ ငါ့ကိုချစ်ရင်
ငါ့စကားတိုင်းရဲ့သုံးပုံတစ်ပုံကိုနားထောင်စမ်းကွယ်၊ကမ္ဘာ
ဟာငါတို့အတွက်ဆို စောင်းတာထက်ပိုခဲ့၊ အဲ့ဒါကြောင့်
နင့်ကမ္ဘာပေါ်ကငါလိမ့်ကျခဲ့တာပေါ့ကောင်မလေးရဲ့ 

၊ဖြည်းဖြည်းချင်းနှုတ်ခမ်းကိုက်လို့စိတ်နာ ငါ့ကိုမုန်း ……. ငါ့ကိုမုန်းနိုင်ပါစေသား ၊
ဒါပေမယ့်ငါသိတယ် နင်ငါ့ကိုမုန်းမှာမဟုတ်၊
ငါလဲ ငါ့ကိုယ်ငါမုန်းရင်း နင့်ကိုဆက်ချစ်သွားမှာ ၊ 

ဟုတ်တယ် ငါ့ကိုယ်ငါမုန်းရင်းငါနင့်ကိုဆက်ချစ်နေမှာ ………………။  ။

Saturday, September 24, 2016

ဗီလိန် - ၂

ကိုယ် တချက်ပြုံးမိတိုင်း
မျက်လုံးတွေထဲမှာ
မင်းပုံရိပ်တွေ ပြန်မြင်ယောင်မိဆဲ ။
ဒဏ်ရာတွေက မထိလည်း နာတယ် ။
ဘယ်သူ့ကြောင့် ငိုတဲ့ မိုးလဲ ၊
မင်း ကိုယ်တိုင်မှ မလိုချင်တော့ရင်
အကြိမ်ကြိမ်သေတဲ့ ဗီလိန်တယောက်အကြောင်း
မပြောပြချင်ခဲ့ဘူး ။ 

September 25, 2016

♥ M ♥

© hsudiary.blogspot.com . All Rights Reserved

First Trip without him


မင်းမပါပဲ သွားခဲ့တဲ့ ပထမဆုံးခရီး
ကိုယိ့နံဘေး က မင်းခုံနေရာလွတ်နေခဲ့တယ် ။
ပတ်ဝန်းကျင်တောင် သတိမထားနိုင်ပါဘူး ၊
မျက်ရည်က အလိုလိုကျတယ် ။
ကိုယ် နေနိုင်မှာပါ
ကိုယ် လုပ်နိုင်မှာပါ
အကြိမ်ကြိမ် အားတင်းတယ် ၊
ကိုယ် မင်းမပါတော့မဲ့ ဘဝတခု တယောက်တည်း ဆက်လျှောက်ဖို့ ရည်ရွယ်ပြီးသားလေ..... ။ 

August 5, 2016
9:45 PM

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

Thursday, September 22, 2016

ပန်းဒေါင်း - လကာင်္ရည်ကျော်






 





                Photo credit - Ma Khin Hnin Kyi Thar


ဆရာ လကာင်္ရည်ကျော် ရဲ့ ပန်းဒေါင်းပါ ။ 

လမ်းပန်းဆက်သွယ်ရေးခက်ခဲလှတဲ့ရွာတွေမှာ ခြေကျင်တစ်လှည့်၊ ဆိုင်ကယ်တစ်လှည့် နဲ့ လှည့်လှည်သွားလာရင်း ကျောင်းတွေဆောက်လိုက် ၊ ရေကန်တွင် ဆောက်လိုက် ၊ ဆေးကုလိုက် ၊ ပရဟိတလုပ်ငန်းတွေ စဉ်ဆက်မပြတ်လုပ်ကိုင်နေတဲ့ တစ်ကိုယ်တော်ပရဟိတများ ကွန်ရက် တည်ထောင်သူ မခင်နှင်းကြည်သာ ရဲ့ အခြေခံအချက်အလက်တွေ ကို မှီပြီး ဇာတ်ကောင်ဖန်တီးကာ သရဖူမဂ္ဂဇင်းမှာ အခန်းဆက် ၀ထ္ထုရှည် ပန်းဒေါင်း ကိုရေးသားခဲ့တယ် လို့ ဆရာက အမှာစာမဟုတ်သော ကျေးဇူးစကားဆိုပြီး ဖော်ပြထားပါတယ်။ ဆရာကျော်စောမင်းကလည်း “ပန်းလိုမွှေးပြီး ၊ ဒေါင်းလိုကတဲ့ သို့ သော် လိုအပ်လာရင် ခွပ်ဒေါင်းလို ရဲဝံ့နိုင်တဲ့ အမျိုးသမီးငယ်လေးကို ကိုယ်စားပြုထားတယ်’ လို့ အမှာစာ ရေးပေးထားပါတယ် ။ 

ကျတော့ အတွက် မခင်နှင်းကြည်သာကို ပိုပြီး လေးစား ၊ ချစ်ခင်စေခဲ့သော ပန်ဒေါင်း ၊ သူ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေကြောင့် လူငယ်လူရွယ်တွေ ပရဟိတကို ချစ်မြတ်နိုးလာစေသော ပန်းဒေါင်း ….။ ဒီစာအုပ်ထဲမှာ ကျတော်တို့နိင်ငံ ရဲ့ စနစ်ဆိုးတွေ၊ လူမှုရေး ၊ ပညာရေး ၊ စီးပွားရေး အခြေအနေတွေကို တွေကို ဆရာက ပါးပါးလေးလှစ်ပြထားပါတယ်။

ဖတ်ရတာ အရမ်းအဖိုးတန်တဲ့ စာအုပ်လေးပါ ၊ ဖြစ်နိုင်ရင် ၀ယ်ဖတ်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ် ။

♥ M ♥

© hsudiary.blogspot.com . All Rights Reserved

Monday, September 19, 2016

မောင် ၊ ကိုကို နှင့် မြနန္ဒာ - ကြည်အေး




ဆရာမကြီး ကြည်အေး ရဲ. "မောင် ၊ ကိုကို နှင့် မြနန္ဒာ" က ကျတော် ဆရာမကြီးရဲ့ စာအုပ်တွေထဲမှာမှ ကျတော်အကြိုက်ရဆုံး စာအုပ်ပါ ။ ကြည်အေးရဲ့ စာတွေ ၊ ကဗျာတွေ ဖတ်ရတိုင်း တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသလို ဝမ်းနည်းရတဲ့ခံစားချက်မျိုး ခံစားရပါတယ်။ ဒီစာအုပ်ဖတ်တိုင်း ၊ ဖတ်တိုင်းလည်း  ကိုယ် နာကျင်ခဲ့ရတဲ့ အခိုက်အတန့်တွေပါ ပြန်တွေးမိပြီး ဝမ်းနည်းနေမိပြန်တယ် ။

ဝတ္ထုတစ်ပုဒ်လုံးကို  မြနန္ဒာရဲ့အတွေးတွေ ၊ မြနန္ဒာ အပေါ် သူ့ ကို ချစ်သူ ၊ ခင်သူ ၊ မုန်းသူ အားလုံးတို့ရဲ့ အမြင်ကို တစ်ခန်းစီ ခွဲခြား  ရေးထားရင်း ဇာတ်ဆောင် တစ်ယောက်ချင်းဆီရဲ့ စိတ် ၊ အယူအဆတွေကို စာဖတ်သူ ၀င်ခံစားနိုင်အောင် ပီပီပြင်ပြင် ရေးဖွဲ့ထားပါတယ်။ 

စိတ်ကူးယဉ်တတ် ၊ အိပ်မက် မက်တတ်၊  လောကအကြောင်း နားမလည်တဲ့ မိန်းမငယ်လေး မြနန္ဒာ ၊ စတွေ့တဲ့ အချိန်က စပြီး မြနန္ဒာ နဲ့ ပတ်သတ်ရင် လှပပြီး ၀မ်းနည်းစရာကောင်းတဲ့ အိမ်မက်တွေကို သာ မက်လေ့ရှိတဲ့ မောင် ၊ 

ကိုကိုကတော့ မိန်းကလေးများကို ထည်လဲ တွဲချင်ပြီး ၊ ယောကျာင်္းတစ်ယောက်က အမဆိုသည်ကို တပ်မက်ချင်သလောက် တပ်မက်နိုင်၊ လိုက်စားနိုင် တယ်လို့ ယူဆသူ ။ အချစ်ဆိုသည်မှာ လင်နှင့်မယား မှာသာရှိ၍ ကိုကို့အချစ်သည် မြနန္ဒာ၌သာ ရှိသည်ဆိုတာကို နားလည် ကျေနပ်စေချင်သည်။ လိင်စိတ်ဆိုတာ သည့်လူ့ဘ၀၌ အရေးကြီး၍ ယောက်ျားတစ်ယောက်အဖို့ အလိုရှိလျှင် လွတ်လပ်စွာ အဓိပ္ပါယ်ဖော်နိုင်ခွင့် ရှိတယ်ဆိုတာ မြနန္ဒာ ကို သိစေချင်သူ ……။ 

ဝယ်ပြီးသိမ်းထားဖို့ အရမ်းကောင်းတဲ့ စာအုပ်တအုပ်မို့ ညွှန်းပေးလိုက်ရပါတယ်။ 

စာအုပ်ဝယ်ဖို့ မလွယ်ကူတွေအတွက် Link တင်ပေးလိုက်ပါတယ် ။

http://www.mediafire.com/download/bpjs36rdt75o9r4/Kyi+Aye+-+Mg+Ko+Ko+and+Mya+Nanda.pdf
 
မူရင်း Link ပိုင်ရှင်ကို ကျေးဇူးတင်ပါတယ်။ 


M                                                                                
© hsudiary.blogspot.com . All Rights Reserved

Friday, September 16, 2016

လရောင်ကို ပန်၍ ညဥ့်ယံ၌လည်း မွှေးမြဖြူစင်နိုင်စေ - တာရာမင်းဝေ




ကျတော် ဒီစာအုပ်လေးကို ၃၇ လမ်း အုန်းစော စာအုပ်ဆိုင်က မွှေလာတာပါ ။ ဆရာ တာရာမင်းဝေ အသက် (၁၇) နှစ် လောက်မှာ ရေးထားတဲ့ စာအုပ်လို့ ဆရာက အမှာစာရေးပေးထားပါတယ် ။ 
ဆရာ တာရာမင်းဝေ ရဲ့ စာရေးဟန်က ထူးခြားပါတယ် ၊ ပေါ့ပေါ့ပါးပါး စာရေးပုံမျိုးနဲ့ ဆွဲခေါ်သွားလေ့ရှိပြီး ၊ စဉ်းစားစရာ အများကြီးပေးတတ်တဲ့ စာမျိုးပါ ။ 
 
ဇာတ်လမ်းရဲ့ အစမှာ ကောင်လေး နဲ့ ကောင်မလေး ဖုန်းမှားခေါ်မိရာကနေ သူငယ်ချင်းတွေဖြစ် ၊ကောင်မလေးက ထူးထူးဆန်းဆန်းမေးခွန်းတွေမေး ၊ ကောင်လေးကဖြေ ပုံစံမျိုးနဲ့ စာအုပ်ကို လက်က မချချင်လောက်အောင်ကို ဇာတ်သယ် သွားတာပါ။                                                                           
တာရာမင်းဝေ ရဲ့ စာအုပ်ကောင်းတွေထဲက တစ်အုပ်မို့ မျှဝေပေးလိုက်ပါတယ်။

စာအုပ် ၀ယ်ယူဖို့ မလွယ်ကူသူတွေအတွက် စာအုပ် Link လေးတင်ပေးလိုက်ပါတယ်။
 http://www.mediafire.com/download/jx2ao94ah9hcpl4/%E1%80%90%E1%80%AC%E1%80%9B%E1%80%AC%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%81%80+-+%E1%80%9C%E1%80%B1%E1%80%9B%E1%80%AC%E1%80%84%E1%80%B9%E1%80%80%E1%80%AD%E1%80%AF%E1%80%95%E1%80%94%E1%80%B9%E1%81%8D+%E1%80%8A%E1%80%A5%E1%80%B9%E1%80%B8%E1%80%9E%E1%80%B6%E1%80%80%E1%80%AD%E1%80%AF%E1%80%9C%E1%80%B2%E1%80%B1%E1%80%99%E1%80%BC%E1%80%B8%E1%80%BB%E1%80%99%E1%80%BB%E1%80%99%E1%80%BB%E1%80%96%E1%80%B4%E1%80%85%E1%80%84%E1%80%B9%E1%80%95%E1%80%AB%E1%80%B1%E1%80%85.pdf
မူရင်း Link ပိုင်ရှင် ကို ကျေးဇူးတင်ရှိပါတယ် ။

M                                                                               
 © hsudiary.blogspot.com. All Rights Reserved