Wednesday, September 14, 2016

သွေး - ဂျာနယ်ကျော်မမလေး






ဂျာနယ်ကျော်မမလေးရဲ့ သွေးဝထ္ထုကို ၁၉၇၃ ခုနှစ် ရှုမ၀ မဂ္ဂဇင်းတွင် အခန်းဆက်ဖော်ပြခဲ့ပါတယ်။ စစ်ကြီးပြီးနောက် နှစ် ၂၀ကြာ  ၊ ၁၉၆၇ ခုနှစ်  ကို အခြေခံပြီး ရေးသားထားတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ သွေးဝတ္ထုကို ၁၉၇၇ ခုတွင် ဂျပန်ဘာသာ သို့ ပြန်ဆိုခဲ့ပါတယ် ။ 

ယုမိစံ က ငယ်ရွယ်ချောမောလှပတဲ့ ဂျပန်အမျိးသမီး၊ သူမ အသက် ၁၅ နှစ်လောက်တည်းက မြန်မာနိုင်ငံကို တစ်နေ့ရောက်အောင်သွားမယ် ဆိုတဲ့ ယုံကြည်ချက်ထားခဲ့တယ်။ တက္ကသိုလ်ရောက်တော့ မြန်မာစာ အထူးပြုယူတယ် ။ ကံကောင်းထောက်မစွာနဲ့ မြန်မာနိုင်ငံ နိုင်ငံခြားဘာသာသင် သိပံကျောင်းကနေ ဂျပန်စာပြဖို့ ကထိက ရာထူးနဲ့ ကမ်းလှမ်းခံရလို့ မြန်မာပြည်ကို ၀မ်းမြောက် ၀မ်းသာနဲ့ ရောက်လာတယ်။
သူမ ရဲ့ ဖခင်ဟာ စစ်အတွင်းမှာ မြန်မာပြည်မှာ တာဝန်ထမ်းဆောင်ပြီးနောက် ဂျပန်မှာပဲ သေဆုံးသွားခဲ့ပါတယ်။ သူမ မြန်မာပြည် ကို ပြင်းပြင်းပြပြ လာချင်တဲ့ အကြောင်းက သူနဲ့ အဖေတူ အမေကွဲတဲ့ သူ့သွေးသားကို ရှာချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။ မောင်ငယ်လေးကို ပြန်တွေ့လို စိတ် ပြင်းထန်ပေမဲ့ သူမ မှာ အဖေ မသေမှီက ပြောသွားတဲ့ လိပ်စာ တပိုင်းတစပဲရှိပါတယ် ။ သူမ မောင်လေး ဘယ်မှာ ရှိနေလဲ သိရချိန်မှာ ၊ မောင်မောင် တစ်ယောက် ငယ်ငယ်တုန်းက ပတ်ဝန်းကျင်ရဲ့ နှိမ်ချဆက်ဆံ မှုကြောင့်  ဂျပန်လူမျိုးဆို မုန်းတီး စက်ဆုတ် နေရုံသာမက သူ့ဖခင် ဂျပန်လူမျိုးဆိုတဲ့ အတိတ်ကိုပါ မေ့ထားသူ ဖြစ်နေပါပြီ ။ 

မောင် နဲ့ ဝေးရမှာကြောက်တဲ့ ယုမိစံက သူအမအရင်း ဖြစ်ကြောင်း မပြောရဲတဲ့ အခါ မောင်မောင် နဲ့  အဆင်ပြေအောင် ဘယ်လောက် ကြိုးစားရသလဲ ၊ မောင်မောင်ရဲ့ အေးစက်တဲ့ အပြုမှုတွေကြောင့် ယုမိစံ ဘယ်လောက်ထိခိုက်နာကျင်ခံစားရသလဲ ၊ စစ်ကြီးရဲ့ အမွေဆိုးကြောင့် လူမျိုးရေး မုန်းတီးမူးတွေဖြစ်လာပြီး မောင်နှမ နှစ်ယောက်ကို ရှင်ကွဲ ခွဲထားခံရတာကနေ ၊ ယုမိစံတယောက် သူချစ်တဲ့ မောင်မောင်ဆီက အမအဖြစ် အသိအမှတ်ပြုခွင့်ရနိုင်မလား ဆိုတာ သိချင်ရင် ဂျာနယ်ကျော်မမလေး ရဲ့ သွေး ကို ၀ယ်ဖတ်ကြည်ဖို့ တိုက်တွန်းပါတယ် ။
ဒီဝထ္ထုထဲမှာ ရှေးဟောင်း ပုဂံဘုရားတွေရဲ့ အလှ နဲ့ သမိုင်းအချို့ ၊ ဂျပန်လူမျိုး တစ်ယောက် အနေနဲ့ မြန်မာ့ရိုးရာ ၊ ယဉ်ကျေးမှုနဲ့ အနုပညာတွေကို တန်ဖိုးထား မြတ်နိုးတတ်ပုံတွေ ၊ စစ်ရဲ့အမွေဆိုးကို ခံခဲ့ရတဲ့ အပြစ်မရှိတဲ့ ကလေးငယ်တွေ ၊ ပတ်ဝန်းကျင်ရဲ့စကားသံ က ကလေးတွေ အတွက် ဘယ်လောက်အရေးပါသလဲဆိုတာမျိုးတွေ ၊ ဂျပန်လူမျိုးတွေဆီက ကျတော်တို့ တွေ အတုယူသင့်တဲ့ ယဉ်ကျေးမှုတွေကို ဆရာမ က လှလှပပ ခြယ်မှုန်းထားပါတယ် ။

စာအုပ်ကိုဝယ်ယူဖို့ မလွယ်ကူသူတွေအတွက် စာအုပ် Link လေးတင်ပေးလိုက်ပါတယ်။

https://www.dropbox.com/s/redweiqrhrnv55e/thway-journalkyaw-ma-ma-lay.pdf?dl=0 

မူရင်း Link ပိုင်ရှင် ကို ကျေးဇူးတင်ရှိပါတယ် ။

M                                                                        
 ©hsudiary.blogspot.com. All Rights Reserved

No comments:

Post a Comment