Monday, September 19, 2016

မောင် ၊ ကိုကို နှင့် မြနန္ဒာ - ကြည်အေး




ဆရာမကြီး ကြည်အေး ရဲ. "မောင် ၊ ကိုကို နှင့် မြနန္ဒာ" က ကျတော် ဆရာမကြီးရဲ့ စာအုပ်တွေထဲမှာမှ ကျတော်အကြိုက်ရဆုံး စာအုပ်ပါ ။ ကြည်အေးရဲ့ စာတွေ ၊ ကဗျာတွေ ဖတ်ရတိုင်း တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသလို ဝမ်းနည်းရတဲ့ခံစားချက်မျိုး ခံစားရပါတယ်။ ဒီစာအုပ်ဖတ်တိုင်း ၊ ဖတ်တိုင်းလည်း  ကိုယ် နာကျင်ခဲ့ရတဲ့ အခိုက်အတန့်တွေပါ ပြန်တွေးမိပြီး ဝမ်းနည်းနေမိပြန်တယ် ။

ဝတ္ထုတစ်ပုဒ်လုံးကို  မြနန္ဒာရဲ့အတွေးတွေ ၊ မြနန္ဒာ အပေါ် သူ့ ကို ချစ်သူ ၊ ခင်သူ ၊ မုန်းသူ အားလုံးတို့ရဲ့ အမြင်ကို တစ်ခန်းစီ ခွဲခြား  ရေးထားရင်း ဇာတ်ဆောင် တစ်ယောက်ချင်းဆီရဲ့ စိတ် ၊ အယူအဆတွေကို စာဖတ်သူ ၀င်ခံစားနိုင်အောင် ပီပီပြင်ပြင် ရေးဖွဲ့ထားပါတယ်။ 

စိတ်ကူးယဉ်တတ် ၊ အိပ်မက် မက်တတ်၊  လောကအကြောင်း နားမလည်တဲ့ မိန်းမငယ်လေး မြနန္ဒာ ၊ စတွေ့တဲ့ အချိန်က စပြီး မြနန္ဒာ နဲ့ ပတ်သတ်ရင် လှပပြီး ၀မ်းနည်းစရာကောင်းတဲ့ အိမ်မက်တွေကို သာ မက်လေ့ရှိတဲ့ မောင် ၊ 

ကိုကိုကတော့ မိန်းကလေးများကို ထည်လဲ တွဲချင်ပြီး ၊ ယောကျာင်္းတစ်ယောက်က အမဆိုသည်ကို တပ်မက်ချင်သလောက် တပ်မက်နိုင်၊ လိုက်စားနိုင် တယ်လို့ ယူဆသူ ။ အချစ်ဆိုသည်မှာ လင်နှင့်မယား မှာသာရှိ၍ ကိုကို့အချစ်သည် မြနန္ဒာ၌သာ ရှိသည်ဆိုတာကို နားလည် ကျေနပ်စေချင်သည်။ လိင်စိတ်ဆိုတာ သည့်လူ့ဘ၀၌ အရေးကြီး၍ ယောက်ျားတစ်ယောက်အဖို့ အလိုရှိလျှင် လွတ်လပ်စွာ အဓိပ္ပါယ်ဖော်နိုင်ခွင့် ရှိတယ်ဆိုတာ မြနန္ဒာ ကို သိစေချင်သူ ……။ 

ဝယ်ပြီးသိမ်းထားဖို့ အရမ်းကောင်းတဲ့ စာအုပ်တအုပ်မို့ ညွှန်းပေးလိုက်ရပါတယ်။ 

စာအုပ်ဝယ်ဖို့ မလွယ်ကူတွေအတွက် Link တင်ပေးလိုက်ပါတယ် ။

http://www.mediafire.com/download/bpjs36rdt75o9r4/Kyi+Aye+-+Mg+Ko+Ko+and+Mya+Nanda.pdf
 
မူရင်း Link ပိုင်ရှင်ကို ကျေးဇူးတင်ပါတယ်။ 


M                                                                                
© hsudiary.blogspot.com . All Rights Reserved

No comments:

Post a Comment