Monday, September 12, 2016

Me before You - Jo Jo Moyes




Jo Jo Moyes ရဲ့ Me before You ရုပ်ရှင်ကိုတော့ တော်တော်များများ သိပြီးသားဖြစ်မှာပါ ။ စာအုပ် နဲ. ရုပ်ရှင် တချို့ နေရာလေးတွေ အရသာကွဲတယ်လို့ ခံစားရလို့ Me Before You , Fan တွေအတွက် ကျတော် ပြန်တင်ပေးလိုက်ပါတယ် ။

Lou က ပျော်ပျော်နေတတ်တဲ့ သာမာန်မိန်းကလေး ၊ သူ့ရည်းစားက Patrick  ၊ Physical Trainer တယောက် ။ တွဲလာတာ ၆နှစ်ကျော်ပြီ ။သူ့ဘ၀မှာ Patrick ကလွဲရင် ဘယ်သူနဲ့မှ ထပ်မတွေ့ဆုံနိုင်တော့ဘူး ထင်ထားခဲ့သူ ။

ပြီးတော့ Will ၊ သူက အရမ်းချော ၊ အရမ်းတော် တဲ့ သူ ၊ ဖြစ်ချင်တော့ ဆိုင်ကယ် တိုက်ခံရပြီး ခန္တာကိုယ်အောက်ပိုင်း သေသွားခဲ့တယ် ။ သူ အရမ်းဝါသနာပါတဲ့ အားကစားတွေ မလုပ်နိုင်တော့လို့ ဘဝကို အရှုံးပေးဖို့ကြိုးစားနေတဲ့သူ ။

အကြောင်းများတိုက်ဆိုင်ချင်လွန်းတော့ Lou တယောက် ကော်ဖီဆိုင်မှာ အလုပ်လုပ်နေရာကနေ Will ကို စောင့်ရှောက်ပေးတဲ့ အလုပ်ကို ၆လ Contract နဲ့ လုပ်ဖို့ဖြစ်လာတယ် ။
Will က အစမှာ Lou ကို စကားများလို့ ကြည့်မရခဲ့ဘူး သို့ပေမဲ့ အဖြစ်အပျက်တခုကို အကြောင်ပြု ပြီး Lou နဲ့စကားတွေ များများပြောဖြစ်ခဲ့တယ် ၊ Lou အိမ်မက်တွေ နားထောင်ပေးခဲ့တယ် ။
ဒါပေမဲ့ Lou က သူ Will ကို ငြိတွယ်မိနေပြီဆိုတာ သိလာတဲ့အချိန်မှာပဲ Will က လူ့ဘဝကြီးထဲက ထွက်ခွာသွားဖို့ အသင့်ဖြစ်နေခဲ့ပါပြီ ။ Will ထွက်သွားတဲ့ အချိန်မှာ ပြောခဲ့တဲ့ စကားလေးက “Don’t think of me too often. Just live well. Just live “တဲ့ ။

လူတစ်ယောက်ကို ချစ်မြတ်နိုးတယ်ဆိုတာ နှစ်တွေ ၊ လတွေ ပေါ်မှာ အခြေခံထားတာမဟုတ်ပါဘူး ၊ ကိုယ့် ဘ၀ထဲမှာ သူရှိသည် ဖြစ်စေ ၊ မရှိတော့ဘူး ဖြစ်စေ ကိုယ့်ရင်ထဲမှာ တသက်လုံးသိမ်းဆည်းပြီး ချစ်နေဖို.က အဓိကပါပဲ ဆိုတာ      Jo Jo Moyes ရဲ့ Me before You မှာ ခံစားနိုင်ပါတယ်။
ဒီစာအုပ်လေး ဖတ်ချင်ရင် အောက်က link မှာ download သွားလုပ်နိုင်တယ်ပါနော် ။

https://drive.google.com/open?id=0B5zJ3ksKw8weY3BYZFAta0p3aUU 

♥ M ♥
© hsudiary.blogspot.com All Rights Reserved

No comments:

Post a Comment