Thursday, September 15, 2016

မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား - ဖေမြင့်




ဆရာဖေမြင့် က ကျတော်တို့ လူငယ်တွေ စိတ်ခွန်အားဖြစ်စေမဲ့ စာပေတွေကို အများဆုံးရေးသားပြီး လမ်းညွှန်ပြသပေးသူပါ ။ဒီစာအုပ်မှာ နယ်ပယ်အသီးသီး မှာ အောင်မြင်နေတဲ့ လူတွေ ၊ မအောင်မြင်ခင်မှာ ဘယ်လို အခက်အခဲတွေရင်ဆိုင်ခဲ့ရသလဲ ၊ လဲကျတဲ့ အခါတိုင်း ဘယ်လိုမျိုး စိတ်တင်းပြီး ပြန်ထခဲ့ရသလဲ စတဲ့ ဖြစ်ရပ်မှန်တွေကို မြန်မာဘာသာသို့ ပြန်ဆိုရေးသားထားတာ ဖြစ်ပါတယ်။ 

ကျတော်အကြိုက်ဆုံး တပုဒ်က တော့ ကုလသမဂ္ဂ  အထွေထွေ ညီလာခံမှာ ပထမဆုံး အမျိုးသမီး သဘာပတိဖြစ်ခဲ့တဲ့ အိန္တိယ အမျိုးသမီး Vijaya Lakshmi Pandit ရဲ့ အကြောင်းလေးပါ။ ဖတ်ကြည့်ကြပါနော် ။ ဆရာကြီးက အောင်မြင်ချင်စိတ်ပြင်းပြတဲ့ လူငယ်တိုင်း မိမိဘ၀ အတွက် အလိုက်ဖက်ဆုံး လမ်းညွှန်ချက်ကို အရယူပြီး ဘ၀အောင်မြင်ရေးအတွက် ထိထိရောက်ရောက် အသုံးပြုနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးထားပါတယ် ။
မဖတ်ရသေးတဲ့ သူတွေကို လည်း ၀ယ်ယူဖတ်ရှုပြီးရင် သိမ်းထားဖို့ အကောင်းဆုံးစာအုပ်တွေထဲက တစ်အုပ်အနေနဲ့ ဝေမျှပေးလိုက်ပါတယ် ။

စာအုပ်ကိုဝယ်ယူဖို့ မလွယ်ကူသူတွေအတွက် စာအုပ် Link လေးတင်ပေးလိုက်ပါတယ်။
https://yadi.sk/i/MAOef-xEewnSv

မူရင်း Link ပိုင်ရှင် ကို ကျေးဇူးတင်ရှိပါတယ် ။

M                                                                                
©hsudiary.blogspot.com. All Rights Reserved

No comments:

Post a Comment