Sunday, September 25, 2016

Me After You - Jo Jo Moyes


Jo Jo Moyes – Me before You ဖတ်ပြီးတဲ့ အချိန်မှာ ကိုယ်ဟာ သူရဲ့ဇာတ်ကောင် lou နဲ.အတူ ရင်ထဲမှာ ဟာတာတာ နဲ. လမ်းပျောက်နေခဲ့ပါတယ် ။

How do you move on after losing the person you loved? How do you build a life worth living? တဲ့ ။

Will တယောက် Lou အနားက ထွက်ခွာသွားချိန်မှာ Lou က သူတို့ အမှတ်တရတွေရှိတဲ့ မြို့လေးကို စွန်.ခွာခဲ့ပါတယ်။ ဒီလိုနဲ့ ၁၈ လကြာပြီးတဲ့အချိန်မှာ ၊ နေ့တိုင်း နေ့တိုင်း Will ကို လွမ်းဆွတ်ခြင်း နဲ့ အသက်ဆက်ရှင်ရင်း တစ်နေ့မှာ မထင်မှတ်ထားတဲ့ အကြောင်းအရာတွေ ဖြစ်လာခဲ့ပါတယ်။ Will ရဲ့ သမီးဖြစ်တဲ့ Lilly ပေါ်လာခဲ့ပါတယ်။ အဲ့ဒီကောင်မလေး ပြသနာတွေအများကြီးရှာခဲ့ပေမဲ့လည်း Lou က Will ကိုယ်ပွားလေး အဖြစ် စောင့်ရှောက်ခဲ့၊ ချစ်ခဲ့ရပါတယ်။

ကိုယ် သိပ်ထိသွားတဲ့ စကားလေး တခုရှိတယ်။ Liily က Lou ကို “Do You Miss Him?’’ လို့မေးတယ် ၊    Lou က ‘ Every single day’’ နေ့တိုင်း ၊ နေ့တိုင်းမှာ သတိရနေတုန်းတဲ့ ။ ဘ၀ဆိုတာ မထင်မှတ်တာတွေ ဖြစ်တတ်တဲ့သဘောပါပဲ ၊ Lou ဘ၀တခုလုံး Will ကို သတိရရင်း အထီးကျန်ကျန်သေဆုံးသွားရမယ်လို့ ထင်ထားခဲ့ပေမဲ့ သူ အခက်အခဲတွေနဲ့ကြုံတိုင်းမှာ သူနဲ့အတူ ရင်ဆိုင်ဖြေရှင်းပေမဲ့ လူတယောက် သူအနား တဖြေးဖြေးနဲ့ ၀င်ရောက်လာခဲ့ပါတယ်။ ဒဏ်ရာတွေ အပြည့် နဲ့ Lou တယောက် သူထပ်နာကျင်ရမှာ ကြောက်နေခဲ့လို့ သူ Sam အပေါ်ခံစားရတာတွေက အချစ်မဟုတ်ဘူး လို့ မျက်စိမှိတ်ငြင်းနေခဲ့ပေမဲ့လည်း တကယ်တမ်း  Sam ကို ဆုံးရှုံးရတော့မယ်ဆိုတဲ့ အခါ lou တယောက် တော်တော်လေး ခြောက်ခြားနေခဲ့ပါတယ်။

Lou က Will ကို မေ့ပစ်လိုက်တာ မဟုတ်ပါဘူး ၊ မျက်လုံးမှိတ်လိုက်တိုင်း မှိတ်လိုက်တိုင်းမှာ Will အပြုံး ၊ Will မျက်လုံး ကို မြင်နေဆဲပါ ။ ဒါပေမဲ့ Will မရှိတော့ပေမဲ့လည်း ၊ သူကတော့ ရှေ.ဆက်ပြီး အသက်ဆက်ရှင်ရမှာ ဖြစ်လို့ သူကိုယ့်သူ ချူပ်နှောင်ထားတဲ့ စိတ်တွေကို လွှတ်ပေးလိုက်ပါတော့တယ် ။

ဒီစာအုပ်လေးဖတ်ချင်ရင် အောက်က Link မှာ Download သွားလုပ်နိုင်ပါတယ်။

♥ M ♥

© hsudiary.blogspot.com . All Rights Reserved

https://drive.google.com/open?id=0B5zJ3ksKw8weN3o4V1hYc3c3SEU

No comments:

Post a Comment