Thursday, September 22, 2016

ပန်းဒေါင်း - လကာင်္ရည်ကျော်






 





                Photo credit - Ma Khin Hnin Kyi Thar


ဆရာ လကာင်္ရည်ကျော် ရဲ့ ပန်းဒေါင်းပါ ။ 

လမ်းပန်းဆက်သွယ်ရေးခက်ခဲလှတဲ့ရွာတွေမှာ ခြေကျင်တစ်လှည့်၊ ဆိုင်ကယ်တစ်လှည့် နဲ့ လှည့်လှည်သွားလာရင်း ကျောင်းတွေဆောက်လိုက် ၊ ရေကန်တွင် ဆောက်လိုက် ၊ ဆေးကုလိုက် ၊ ပရဟိတလုပ်ငန်းတွေ စဉ်ဆက်မပြတ်လုပ်ကိုင်နေတဲ့ တစ်ကိုယ်တော်ပရဟိတများ ကွန်ရက် တည်ထောင်သူ မခင်နှင်းကြည်သာ ရဲ့ အခြေခံအချက်အလက်တွေ ကို မှီပြီး ဇာတ်ကောင်ဖန်တီးကာ သရဖူမဂ္ဂဇင်းမှာ အခန်းဆက် ၀ထ္ထုရှည် ပန်းဒေါင်း ကိုရေးသားခဲ့တယ် လို့ ဆရာက အမှာစာမဟုတ်သော ကျေးဇူးစကားဆိုပြီး ဖော်ပြထားပါတယ်။ ဆရာကျော်စောမင်းကလည်း “ပန်းလိုမွှေးပြီး ၊ ဒေါင်းလိုကတဲ့ သို့ သော် လိုအပ်လာရင် ခွပ်ဒေါင်းလို ရဲဝံ့နိုင်တဲ့ အမျိုးသမီးငယ်လေးကို ကိုယ်စားပြုထားတယ်’ လို့ အမှာစာ ရေးပေးထားပါတယ် ။ 

ကျတော့ အတွက် မခင်နှင်းကြည်သာကို ပိုပြီး လေးစား ၊ ချစ်ခင်စေခဲ့သော ပန်ဒေါင်း ၊ သူ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေကြောင့် လူငယ်လူရွယ်တွေ ပရဟိတကို ချစ်မြတ်နိုးလာစေသော ပန်းဒေါင်း ….။ ဒီစာအုပ်ထဲမှာ ကျတော်တို့နိင်ငံ ရဲ့ စနစ်ဆိုးတွေ၊ လူမှုရေး ၊ ပညာရေး ၊ စီးပွားရေး အခြေအနေတွေကို တွေကို ဆရာက ပါးပါးလေးလှစ်ပြထားပါတယ်။

ဖတ်ရတာ အရမ်းအဖိုးတန်တဲ့ စာအုပ်လေးပါ ၊ ဖြစ်နိုင်ရင် ၀ယ်ဖတ်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ် ။

♥ M ♥

© hsudiary.blogspot.com . All Rights Reserved

No comments:

Post a Comment