Wednesday, September 14, 2016

ယမကာ လုလင် - မင်းလူ


ဆရာ မင်းလူရဲ့ ယမကာ လုလင် နဲ့ မိတ်ဆက်ပေးချင်ပါတယ် ။

(ကျတော့ ခံစားမှုသက်သက်ပါ။) မင်းလူ ရဲ့ ၀ထ္ထုတွေ ဖတ်ရတဲ့အခါတိုင်း ပေါ့ပေါ့ပါးပါး နဲ့ ရင်ထဲကို ခံစားမှုရသ တခုမဟုတ် တခုအမြဲပေးနိုင်လို့ ချစ်တဲ့ စာရေးဆရာတွေထဲက တစ်ယောက်ပါ ။
ဆရာမင်းလူလို့ပြောလိုက်ရင် သဘာဝကျကျရယ်မောစရာဇာတ်လမ်းတွေ ရေးဖွဲ့တတ်တဲ့ စာရေးဆရာမှန်း သိကြမှာပါ ။

ဆရာမင်းလူရဲ့ ယမကာလုလင် က အရက်သမားဋီကာ လို့ပြောလို့ရမလား ။ အရက်သမားကြမ်းလို့ ခေါ်မလား ၊ ဆရာ့ ဘဝတစ်လျှောက် တကယ့်လက်တွေ့ဘဝ မှာ ကြုံဆုံခဲ့ရတဲ့ ၊ အရက်သမားတွေရဲ့ ဖြစ်ရပ်အလွဲတွေကို ပေါ့ပေါ့ပါးပါး ဟာသနှောပြီးရေးသားထားတဲ့ စာအုပ်တစ်အုပ်ပါ ။ စာအုပ်က နိဒါန်း မှာတည်းက ရယ်ရတဲ့ စာအုပ်လို့ ညွှန်းရင် ၊ ကျွန်တော်လွန်မယ် မထင်ဘူး ။
ယမကာလုလင်လို့ဖြစ်မလာခင် ဆရာက နာမည်ပေးဖို့ဘယ်လောက်စဉ်းစားခဲ့ရလဲ ။ 


စာအုပ်နာမည်မှာက ပုလင်း ၊ ခွက် ၊ ယမကာ ပါသင့်တယ် ၊ ခေတ်ကလည်း နာမည်ဆန်းဆန်းလေးတွေ ကြိုက်တတ်တဲ့ခေတ်ဆိုတော့ ၊ သူပထမဆုံး ထူးခြားအောင်ဆိုပြီးပေးဖို့ကြိုးစားတဲ့နာမည်က “သင်နှင့် ရမ်ပုလင်းကိုသာ ဝင်ခွင့်ပြုမည်” ၊ ဒီတော့ တာရာမင်းဝေရဲ့ နာမည်ကြီး စာအုပ်နှင့် သွားဆင်နေပြန်တယ် ။
မဖြစ်သေးပါဘူး ၊ ဆက်စဉ်းစားကြည့်တယ် ။

“ပုလင်းထဲမှာ မောင့်ကိုထားရစ်ခဲ့” ဒါကျတော့ ဂျူးရဲ့ စာအုပ်တစ်အုပ်ကို တုပသလိုဖြစ်သွားမယ်။ “ခွက်တို့ရဲ့မာယာ” ဆိုရင် ပိုဆိုးသွားမယ် ဆိုပဲ။ ထပ်စဉ်းစားပြန်ပါတယ်။ သူချစ်ရတဲ့ ဆရာချစ်ဦးညိုကို အားကျလို့ “ယမကာဒီပချစ်သူ” ဆိုပဲ ။

နောက်ဆုံးတော့ ဆုံးသွားတဲ့ စာရေးဆရာကြီးတစ်ယောက် ပြောခဲ့တဲ့ စကားကို သွားသတိရ “အရက်သမားလို့ ခေါ်တာ ရင့်သီးလွန်းပါတယ် ….နားဝင်ချိုအောင် ယမကာလုလင်လို့ ခေါ်သင့်ပါတယ်” တဲ့ ။ ဒီလိုနဲ့ နားဝင်ချိုတဲ့ ယမကာလုလင် ရယ်လို့ ဖြစ်လာပါတယ် ။

အရက်နဲ့အချစ်ဟာ သဘောတရားခြင်းတူပါသတဲ့ ။ အစပြုမိလျှင် နောက်ဆုတ်ဖို့ခက်တယ် ။ တချို့လူတွေက အရက်ကို အစပြုလုပ်မိပေမဲ့ အောင်အောင်မြင်မြင်နဲ. နောက်ဆုတ်ကျောခိုင်းလိုက်နိုင်တယ် ။ တချို့ကတော့ အချစ်ကို အစပြုခဲ့ပေမဲ့ ၊ နောက်ဆုတ်ဖို့ စိတ်ကူးတော့ မရှိခဲ့ကြဘူး ။ ဘာလို့လဲဆိုတော့
Love is Like Wine
The Older, The Better
အချစ်သည် ၀ိုင်နှင့်တူ၏…
ကြာလေကောင်းလေ…..တဲ့ ။

ယမကာလုလင် မှာ ဆရာက အရက်ရဲ့ ကောင်းကျိုး ၊ ဆိုးကျိုးတွေ က အဓိကထား ရေးထားတာမဟုတ်ပဲ ၊ ဆရာ နဲ့ ဆရာ ပတ်ဝန်းကျင်က အရက်သောက်သူများအကြောင်းကို ခပ်မြူးမြူးလေး ရေးဖွဲ့ထားတာပါ ။
ဖတ်ကြည့်ကြပါဦးလို့ တိုက်တွန်းလိုက်ရပါတယ် ။



စာအုပ်ဝယ်ဖတ်ဖို့ အခက်အခဲရှိသူတွေအတွက် Ebook Link ကို ပါ တင်ပေးလိုက်ပါတယ်။

မူရင်း Link ပိုင်ရှင် ကို ကျေးဇူးတင်ရှိပါတယ် ။
http://www.mediafire.com/download/ap5ru6gbd2g220y/%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%80%9C%E1%80%B0+-+%E1%80%9A%E1%80%99%E1%80%80%E1%80%AC%E1%80%9C%E1%80%AF%E1%80%9C%E1%80%84%E1%80%B9.pdf

♥ M ♥

©hsudiary.blogspot.com. All Rights Reserved

No comments:

Post a Comment