Tuesday, September 13, 2016

ပန်းကြာဝတ်မှုံ - ခင်ခင်ထူး





ဆရာမ ခင်ခင်ထူးက အညာဒေသနဲ့ ပတ်သတ်တဲ့ အဖွဲ့အနွဲ့တွေမှာ ပြောင်မြောက်အောင် ဖွဲ့နိုင်သူ တစ်ယောက် အဖြစ် လူသိများ ထင်ရှားသူပါ ။ ပန်းကြာဝတ်မှုံဝထ္ထုမှာလည်း မြင်းခြံမြို့က လာရောက် ပညာ ဆည်းပူး ကြတဲ့ ကျောင်းသူလေး ငါးယောက် ရဲ့ ရွေးချယ်မှုနဲ့ ဘ၀တွေအကြောင်း ကို မန္တလေး တက္ကသိုလ်ကို နောက်ခံထားပြီး ရေးဖွဲ့ထားပါတယ်။ ဒီဝထ္ထုမှာ ထူးခြားချက် အနေနဲ့ ဆရာ ဇော်ဂျီ ၊ ဆရာကြီး မင်းသုဝဏ် နဲ့ ဆရာမ ကြည်အေးရဲ့ ကဗျာများ ၊ တဂိုး ရဲ့ ကဗျာများကို ထည့်သွင်း အသုံးပြုထားလို့ ဖတ်ရတာ အရမ်း ကြည်နူး ဖို့ကောင်းပါတယ်။


မေ နဲ့ အောင်က နှစ်ပေါင်း ( ၂၀ ) ကြာတဲ့ အထိ ချစ်သူထက်ပိုချစ်တဲ့ သူငယ်ချင်း နှစ်ဦး ။
တယောက်နဲ့ တယောက် သံမဏိကြိုးလိုခိုင်မာတဲ့ သံယောဇဉ်နဲ့  ချစ်ကြပေမဲ့ ဘယ်သူက ဘယ်သူ့ကို လိုက်နေမှန်းမသိပဲ  နေ နဲ့လ လို တယောက်ပေါ်လာတော့ ၊ တယောက်က ပျောက်ကွယ်ရတယ်။
မေ – သူမက မိန်းကလေး ဗီဇမို့ သာ မျက်ရည်ကျရတာ ဒါပေမဲ့ ဘယ်တော့မှ ပျော့ညံ့တာမျိုး မဖြစ်စေရပဲ နောက်ကြုံရမဲ့ အခက်အခဲ အတွက် ခွန်အားသာဖြစ်စေရမယ်ဆိုတဲ့ အတွေး နဲ့ အတူ လူ့ဘ၀ဆိုတာ ခွဲခွာဖို့ ရောက်လာခြင်း သက်သက်ရယ်လို့ ခံယူနားလည်ထားတဲ့ သူ ။

အောင် – သူကတော့ တက္ကသိုလ် ရဲ့ မင်းသားတပါး ဒါပေမဲ့ ဟန်ဆောင်မှုကင်းပြီး အနုပညာထဲမှာပဲ ဇာတ်မြှပ်ထားပြီး သူ့အကြောင်းနဲ့ ပတ်သတ်ရင်တော့ နူတ်ဆိတ်လှသူတစ်ယောက် ။

ကျောင်းတတ်စဉ်ကာလတစ်လျှောက်လုံး မေ ၊ အောင် နဲ့ သူငယ်ချင်းတွေက အတူသွား ၊ အတူလာ ရင်း တက္ကသိုလ်ကျောင်းသူ ဘ၀ကို ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြပါတယ် ။ တခုသော ကျောင်းပိတ်ရက်မှာ သူ့အကြောင်းတွေ ဖွင့်ဟပြောခဲတဲ့ အောင် ဟာ မေ တို့ သူငယ်ချင်းတွေ နဲ့ အတူ သူ မွေးရပ်မြေ ကလောမြို.ကို ခေါ်သွားခဲ့ပါတယ် ။ ဒီလိုနဲ့ မေ့ကို သူ မိသားစုနဲ့ ပတ်သတ်တဲ့ အကြောင်းအရာကို ဖွင့်ဟပြောခဲ့ပြီနောက် မှာ အောင် တက္ကသိုလ်ကို ပြန်မရောက်လာခဲ့ပါဘူး ။

အောင် မရှိတော့တဲ့ ရက်တွေ မေ ဘယ်လို ဖြတ်ကျော်ခဲ့သလဲ ။ အဖြစ်အပျက်တွေ ၊ နှစ်တွေ ၊ လတွေ က မေ နဲ့ သူငယ်ချင်းတွေ ရဲ့ ဘ၀တခုခြင်းဆီကို ဘယ်လောက်တောင် ပြောင်းလဲ ရင့်ကျက်စေခဲ့သလဲ ။တယောက် နှလုံးသားကို တယောက် နားလည်ခဲ့ကြတဲ့ မေ နဲ့ အောင်က ပြန်ဆုံနိုင်ကြဦးမှာလား ။

ဒီဝထ္ထုတပုဒ်လုံးက မေ နဲ့ အောင် ရဲ့ ချစ်ခြင်းမေတ္တာ အကြောင်း ပဲ ရေးထားတာမျိုးမဟုတ်ပဲ မေ နဲ့ သူငယ်ချင်း (၄) ယောက်ရဲ့ ဘ၀တွေ ၊ မိန်းကလေးတွေရဲ့ ခံစားမှုအကြောင်းအရာတွေ ၊ မာန် ၊ မာနတွေ နဲ့ တွန်းလှန်ကြရတဲ့ ဘ၀ အကြောင်းတွေ ၊ ဒါ့အပြင် ရန်ငြိုးတွေ ၊ စော်ကားမှုတွေ ၊ တွန်းချမှုတွေ ကို ကြံ့ကြံ့ခိုင်တဲ့ စိတ်ဓာတ်နဲ့ ဘ၀ ကို အရှုံးမပေးပဲ ရုန်းကန်လှုပ်ရှားကြတာတွေ၊ စွန့်လွှတ်ခြင်း နဲ့ စွန့်စားခြင်းအကြားမှာ ကိုယ့်ရွေးချယ်မှုကို သေသည့်တိုင် သတ္တိရှိရှိ လက်ခံ ကြတဲ့ ကျတော် တို့ မိန်းမသားတွေ ဘ၀ အကြောင်းကို ရေးဖွဲ့ထားပါတယ် ။ စကာလုံးရွေးချယ်မှုတွေက အရမ်းလှပြီး အရမ်း ကျတော်တို့ မိန်းကလေးတွေ အတွက် ခွန်အားလည်း ဖြစ်စေတာမို့ ညွှန်းဆိုပေးလိုက်ပါတယ်။

စာအုပ်ကို အောက်က Link မှာ Download သွားလုပ်နိုင်ပါတယ် ။
http://www.mediafire.com/download/0c0crpedluy0kde/%E1%80%95%E1%80%94%E1%80%B9%E1%80%B8%E1%81%BE%E1%80%80%E1%80%AC%E1%81%80%E1%80%90%E1%80%B9%E1%80%99%E1%82%88%E1%80%B6-%E1%80%81%E1%80%84%E1%80%B9%E1%80%81%E1%80%84%E1%80%B9%E1%80%91%E1%80%B0%E1%80%B8.pdf

ရုပ်ရှင်ကို ခံစားချင်ရင် ဒီ Link ပါ ။
https://www.youtube.com/watch?v=kKWgRwr-9kE

မူရင်း Link ကို တင်ပေးထားသူကို လည်း ကျေးဇူးတင်ရှိပါတယ်။

♥ M ♥

© hsudiary.blogspot.com. All Rights Reserved

No comments:

Post a Comment