Friday, September 16, 2016

ပန်းဆိုးတန်း စာအုပ်ဆိုင် အညွှန်း



စာအုပ်ဖတ်ရတာ ကြိုက်တဲ့ အထူးသဖြင့် မြန်မာဝထ္ထုတွေကြိုက်တဲ့ စာဖတ်ပရိတ်သတ်ကြီး သဘောကျမဲ့ နေရာလေးတခု ညွှန်းပေးပါရစေ ။

၃၇ လမ်း (ကုန်သည်လမ်း က ၀င်ရတာပါ ) အုန်းစော စာအုပ်ဆိုင်ပါ ။ စာအုပ်တွေမှ အများကြီးရယ်။ စာအုပ်ဆိုင်တွေမှ ရှာမရတော့ မဲ့ စာအုပ်တွေ ၊ ဥပမာ ကြည်အေး ရဲ့ ကဗျာ စာအုပ်တွေလိုမျိုး ၊ ပြီးတော့ မြန်မာနိုင်ငံရေး နဲ့ ပတ်သတ်တဲ့ စာအုပ်တွေ ၊ စစ်ပညာ ၊ ဆေးပညာ နဲ့ ပတ်သတ်တဲ့ ကျမ်းတွေ ၊ စွယ်စုံကျမ်းတွေ ၊ ဘာသာရေး စာအုပ်တွေ ၊ မြန်မာရိုးရာစကားထာအပြင် ၊ တိုင်းရင်းသားရိုးရာ ဆိုရိုးတွေ ၊ ကလေးတွေ အတွက်ပုံပြင်တွေ ၊ ပုတတ်ကို ကာတွန်းပေါင်းချုပ်လုပ်ထားတာတွေ ၊ ကိုယ်တို့ငယ်ငယ်က အသဲစွဲ ဇာတ်လိုက်ကျော်တွေ ဖြစ်တဲ့ တွတ်ပီ လည်း အတွဲလိုက် အကုန်ရှိတယ် ။ မြန်မာတစ်ဘာသာတည်းမှ မဟုတ်ပါဘူး ၊ ပြင်သစ်စာအုပ်တွေ လိုမျိုး တခြားဘာသာနဲ့ ရေးထားတာမျိုးတွေ လည်းရှိသေးတယ် ။ English Novel တချို့လည်းရှိတယ် ။

ကိုယ် အဲ့ဒီဆိုင်ကို သိတာ တစ်နှစ်လောက်တော့ရှိပြီ ၊ မြန်မာ့သမိုင်းနဲ့ ပတ်သတ်တဲ့ စာအုပ်တွေသွားရှာတာ ၊ လိုချင်တာရှိရင် စိတ်ရှည်ရှည်နဲ့ အေးအေးဆေး ဖတ်ရင်း ၊ ရှာလို့လည်းရတယ် ။ လူသိပ်မရှိသလို ဆိုင်ရှင်ဦးလေးတွေ ကလည်း သဘောကောင်းပါတယ်။ စာအုပ်တွေက ရှေးကစာအုပ်တွေများတယ် ၊ ဈေးက ကြီးတယ်လို့တော့ ပြောလို့မရပါဘူး ၊ အလွယ်တကူ ပြန်ဝယ်လို့ မရတော့တဲ့ စာအုပ်တွေမို့ စာအုပ်ချစ်သူတွေ အတွက် ကုန်ရကျိုးနပ်တဲ့ နေရာလေးဖြစ်မှာပါ။

၃၇ လမ်း ကုန်သည်လမ်း က ၀င်ရတဲ့ အုန်းစော စာအုပ်ဆိုင်နော် ။
♥ M ♥
© hsudiary.blogspot.com . All Rights Reserved

No comments:

Post a Comment