Sunday, September 25, 2016

လူ

-လောကကြီးက လှည့်ဖျားတယ်…
လူတွေက လှည့်စားတယ်။
-လောကကြီးက ရှုပ်ထွေးတယ်…
လူတွေက ကောက်ကျစ်တယ်။
-လောကကြီးက မျက်နှာလိုက်တယ်
လူတွေက ဟန်ဆောင်ကောင်းတယ်။
-လောကကြီးက အိမ်မက်တွေပေးပြီး
အမြတ်ထုတ်တယ်။
လူတွေက စကားလှလှလေးတွေနဲ့
အခွင့်အရေးယူတယ်။
-နောက်ဆုံးတော့လည်း...
မျက်နှာဖုံးတပ်ထားတဲ့ လူတွေကြားမှာ
မျက်နှာဖုံးမဲ့ ကိုယ်တစ်ယောက်
`အသုံးချခံ´ဖြစ် ရတာ
ဘာဆန်းသလဲ...။

24 March , 2014

♥ M ♥
© hsudiary .blogspot.com . All Rights Reserved

No comments:

Post a Comment